ပြည် စက်တင်ဘာ ၂၈
ပြည်မြို့ အမှတ်(၅)အခြေခံပညာအထက်တန်းကျောင်း ပညာတံခွန်ခန်းမ၌ ယမန်နေ့နံနက်ပိုင်းက ပြည်ခရိုင် အမျိုးသမီးရေးရာအဖွဲ့မှ မူးယစ်ဆေးဝါးအန္တရာယ်အကြောင်း အသိပညာပေးဟောပြောခြင်းများ ပြုလုပ်ခဲ့သည်။
အခမ်းအနားတွင် ရှေးဦးစွာ ပြည်ခရိုင်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌ ဒေါ်အေးအေးသန့်က အဖွင့်အမှာစကားပြောကြားပြီး ပြည်ခရိုင်အမျိုးသမီးရေးရာအဖွဲ့မှ ဒေါ်ခင်နှင်းဆီရွှေက မူးယစ်ဆေးဝါးအန္တရာယ်အကြောင်း အသိပညာပေးဟောပြောခဲ့သည်။
ယင်းနောက် အမှတ်(၅)အခြေခံပညာအထက်တန်းကျောင်းမှ တာဝန်ခံဆရာမ ဒေါ်တင်တင်နွဲ့က ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့သည်။
အဆိုပါဟောပြောပွဲအခမ်းအနားသို့ အမျိုးသမီးရေးရာအဖွဲများ၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအဖွဲ့များ၊ ကျောင်းသား၊ ကျောင်းသူများ ဆရာ၊ ဆရာမများ ကျောင်းသားမိဘများ ကျောင်းအကျိုးတော်ဆောင်အဖွဲ့များ တက်ရောက်ခဲ့ကြသည်။
ယင်နောက် အခမ်းအနားသို့ တက်ရောက်လာသော ကျောင်းသား၊ ကျောင်းသူကလေးများအား ခရိုင်အမျိုးသမီးရေးရာအဖွဲ့မှ အဟာရမုန့်များ ဝေငှပေးခဲ့ကြောင်း သိရသည်။
ကိုစိုး(ပြည်)