သရက် စက်တင်ဘာ ၂၈
မကွေးတိုင်းဒေသကြီး၊ သရက်မြို့၌ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန၏ တိရစ္ဆာန်ကျန်းမာရေးလုပ်သားသင်တန်းဖွင့်ပွဲအခမ်းအနားကို ယမန်နေ့နံနက်(၁၀)နာရီက မွေးမြူရေးနှင့်ကုသရေး ဦးစီးဌာနရုံးခန်းမ၌ ဆောင်ရွက်ခဲ့ရာ ကျန်းမာရေးလုပ်သား(၂၀)ဦး တက်ရောက်ကြကြောင်း သိရသည်။
အဆိုပါအခမ်းနားတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဒုတိယမြို့နယ် အုပ်ချုပ်ရေးမှူး ဦးကျော်သူရက အဖွင့်အမှာစကားပြောကြားရာမှာ မြို့နယ်မွေးမြူရေးနှင့်ကုသရေး ဦးစီးဌာနအနေဖြင့် စိတ်ပါဝင်စားပြီး တက်ကြွလှုပ်ရှားမှုအားကောင်းသော တိရစ္ဆာန်ကျန်းမာရေးလုပ်သား(၂၀)ဦးအား အရည်အသွေးမြင့်မာစေရန်အတွက် ဖွင့်လှစ်ရခြင်းဖြစ်ကြောင်း ပြောကြားပေးခဲ့ပြီး မြို့နယ်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန ဦးစီးအရာရှိဒေါက်တာ သိမ့်သိမ့်ဖူးပွင့်က သင်တန်းဖွင့်လှစ်ရသည့် ရည်ရွယ်ချက်အား ပြောကြားပေးခဲ့သည်။
သင်တန်းဖွင့်ပွဲအပြီးတွင် သင်တန်းကို ဆက်လက်ပို့ချပေးခဲ့သည်။ အဆိုပါသင်တန်းသို့ သင်တန်း သား(၂၀)ဦး တက်ရောက်ခဲ့ကြပြီး သင်တန်းကာလမှာ (၃)ရက်ပို့ချပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ဇော်ထက်(သရက်)