ရေနံချောင်းမြို့နယ်၌ ယခုနှစ်မိုးရာသီဖူစားပြောင်း ၆၈၆၅ ဧက လျာထားစိုက်ပျိုး

ရေနံချောင်း စက်တင်ဘာ ၂၈

မကွေးတိုင်းဒေသကြီး၊ ရေနံချောင်းမြို့နယ်၌ ယခုနှစ်မိုးရာသီတွင် ဖူးစားပြောင်းကို လယ်၊ ယာ၊ ကိုင်းမြေများတွင် ၆၈၆၅ ဧက လျာထားစိုက်ပျိုးသွားမည်ဖြစ်ပြီး ယနေ့အထိ ၄၅၈၃ ဧက စိုက်ပျိုးပြီးစီးပြီဖြစ်ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနက သိရသည်။

ဖူးစားပြောင်းကို ရာသီစာအဖြစ် စားသုံးကြပြီး ဟင်းအဖြစ်လည်း ချက်ပြုတ်ကြော်လှော် စားသုံးကြသည့်အတွက် တောင်သူများအနေနဲ့ သကြားပြောင်းဖူး၊ ထိုင်ဝမ်ပြောင်းဖူးအပြင် ဒေသမျိုးများကိုလည်း စိုက်ပျိုးကြပါတယ်။ ပြောင်းဖူးကိုကုန်စိမ်းသည်များ၊ လက်လီဈေးသည်များက စိုက်ခင်းများအထိ လာရောက်ဝယ်ယူကြသလို ကိုယ်တိုင်လည်း သွားရောက် ရောင်းချပါတယ်။ ပြောင်းဖူး ၁၀၀ ဖူးကို ငွေကျပ် ၄၀၀၀ ကျော်ရောင်းရပြီး ပြောင်းဖူး အကြီး၊ အသေး၊ အစေ့အဆံအောင်မြင်မှုအလိုက် ဈေးကွာခြားကြောင်းနှင့် ပြောင်းဖူးစိုက်တောင်သူများ သီးနှံဝင်ငွေ ရရှိအဆင်ပြေကြောင်း ဒေသခံတောင်သူတစ်ဦးထံက သိရသည်။

ရေနံချောင်းမြို့နယ်၌ ဖူးစားပြောင်းကို ယခင်နှစ် မိုးရာသီတွင် ၆၅၇၉ ဧက လျာထားခဲ့ပြီး ၆၈၆၅ ဧက စိုက်ပျိုးရိတ်သိမ်းနိုင်ခဲ့ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနက သိရသည်။

မြို့နယ်(ပြန်/ဆက်)