မြဝတီ စက်တင်ဘာ ၂၈
အောက်တိုဘာ (၁) ရက်နေ့တွင် ကျရောက်မည့် နှစ်(၆၀)ပြည့် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ကို ကြိုဆို ဂုဏ်ပြုသောအာဖြင့် ကရင်ပြည်နယ်၊ မြဝတီခရိုင်ရဲတပ်ဖွဲ့မှကြီးမှူး၍ ခရိုင်နှင့် မြို့နယ်အဆင့် ရဲတပ်ဖွဲ့ဝင်များသည် ယနေ့နံနက် ၉ နာရီခွဲက ပြည်သူအကျိုးပြုလုပ်ငန်းဖြစ်သည့် စုပေါင်းသွေးလှူဒါန်းပွဲကို အမှတ်(၄)ရပ်ကွက်၊ ခရိုင်ပြည်သူ့ဆေးရုံကြီးတွင် စုပေါင်းဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
အဆိုပါ စုပေါင်းသွေးလှူဒါန်းပွဲတွင် မြဝတီခရိုင်ရဲတပ်ဖွဲ့မှ ဒုတိယရဲမှူးကြီး မိုးကျော်ဟိန်း ဦးဆောင်မှုဖြင့် ဒုတိယခရိုင် ရဲတပ်ဖွဲ့မှူးရဲမှူး အောင်မျိုးလွင်၊ ခရိုင်လုံခြုံရေး တပ်ခွဲမှူး ရဲမှူးခင်မောင်ကြည်၊ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးအောင်နိုင်ဦး၊ မြို့မရဲစခန်းမှ ဒုတိယရဲမှူး ညီညီလွင်၊ အမှတ်(၃၂) မူးယစ်ဆေးဝါး တားဆီးကာကွယ်နှိမ်နင်းရေးရဲတပ်ဖွဲ့စုမှ ရဲမှူးရဲနိုင်၊ သတင်းရဲတပ်ဖွဲ့စု (မြဝတီ)မှ ရဲမှူးမြင့်နိုင်၊ အမှတ်(၃)မှုခင်းရဲတပ်ဖွဲ့စိတ်မှ ဒုတိယရဲမှူးလှဝင်း၊ အမှတ်(၇၃)ယာဉ်ထိန်း ရဲတပ်ဖွဲ့စုမှ ဒုတိယရဲမှူး အောင်လင်းဌေး၊ အမှတ်(၁)လူကုန်ကူးမှု တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့စိတ်မှ ဒုတိယရဲမှူး သက်ဇော်ထွန်း၊ အမှတ်(၁၃)ကမ္ဘာလှည့်ခရီးသွားလုပ်ငန်း လုံခြုံရေးရဲတပ်ဖွဲ့စုမှ ဒုတိယရဲမှူး ထွန်းထွန်းနိုင်တို့က တပ်ဖွဲ့ဝင် ၂၀ ဦးတို့၏ စုပေါင်းသွေးလှူဒါန်းမှုကို ကြည့်ရှုအားပေးစကား ပြောကြားသည်။
ထို့နောက်မြဝတီခရိုင်ရဲတပ်ဖွဲ့မှ ဒုတိယရဲမှူးကြီး မိုးကျော်ဟိန်းက တပ်ဖွဲ့ဝင်တစ်ဦးလျှင် အာဟာရပြည့် ကြက်ဥ၊ ဘရင်းကြက်ပေါင်းရည်၊ ဘရင်းငှက်သိုက်၊ အာဟာရဖြည့်အချိုရည်နှင့် ငွေကျပ်တစ်သောင်းနှုန်းထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
ဇာဖြူဝင်း(မြဝတီ)