သဲကုန်းမြို့နယ်၌ လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူရေးလုပ်ငန်း မြို့နယ်အဆင့် နည်းပြသင်တန်းသား/ သူများ လက်တွေ့ကွင်းဆင်း ကောက်ယူ

သဲကုန်း စက်တင်ဘာ ၂၈

ပဲခူးတိုင်းဒေသကြီး နတ်တလင်းခရိုင် သဲကုန်း​မြို့နယ်၌ လူဦးရေနှင့် အိမ်အကြောင်းအရာသန်းခေါင်စာရင်း အောင်မြင်စွာ ကောက်ယူနိုင်ရေးအတွက် မြို့နယ်အဆင့် နည်းပြသင်တန်းကို သင်တန်းသား/ သူ (၁၃၈) ဦးတို့အား သင်တန်းနည်းပြ (၈) ဦး​ဖြ​င့် စက်တင်ဘာလ ၁၇ ရက်မှ စတင်ဖွင့်လှစ် သင်ကြားလျက်ရှိရာ ယမန်နေ့နံနက် (၉) နာရီအချိန်က သဲကုန်းမြို့နယ် ရပ်ကွက် (၁) ၊ အင်းမမြို့ သီရိကန်သာရပ်ကွက်တို့တွင် နည်းပြသင်တန်းသား/သူများအား လက်တွေ့ကွင်းဆင်းကောက်ယူခြင်းလုပ်ငန်းကို မြို့နယ်သန်းခေါင်စာရင်းကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးယဥ်ထွေးနှင့် မြို့နယ်သန်းခေါင်စာရင်းကြီးကြပ်မှု ကော်မတီအဖွဲ့ဝင်များ ကွင်းဆင်းကြည့်ရှုအားပေးခဲ့သည်။

သဲကုန်းမြို့နယ်တွင် ရပ်ကွက် ကျေးရွာအုပ်စု ၆၃ အုပ်စု၌ ကျေးရွာပေါင်း ၃၀၆ရွာ ကောက်ကွက်ပေါင်း ၃၇၃ ရှိပြီး စာရင်းစစ်၊ စာရင်းကောက် ၁၄၅ ဦး အဖွဲ့ ၂၇ဖွဲ့ခွဲ၍ မြို့နယ်အဆင့်/ ရပ်ကျေးအဆင့် ကြီးကြပ်မှုကော်မတီများ ဖွဲ့စည်း၍ ၂၀၂၄ခုနှစ် လူဦးရေနှင့် အိမ်အကြောင်းအရာသန်းခေါင်စာရင်းကောက်ယူရေးလုပ်ငန်းကို အောက်တိုဘာလ ၁ ရက်မှ အောက်တိုဘာလ ၁၅ ရက်နေ့အထိ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း မြို့နယ်သန်းခေါင်စာရင်းကော်မတီမှ သိရှိရသည်။

ကိုကျော် (ပြန်/ဆက်)