ဇလွန်မြို့နယ်တွင် အ.ထ.က(ခွဲ)မဟာသာလေးတွင် စာဖတ်ရှိန်မြှင့်တင်ရေးနှင့် ပြင်ပစာပေဗဟုသုတများကြွယ်ဝစေရန် အသိပညာပေး ဟောပြောပွဲပြုလုပ်

ဇလွန် စက်တင်ဘာ ၂၈

ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဇလွန်မြို့နယ် အခြေခံပညာအထက်တန်းကျောင်း(ခွဲ)မဟာသာလေးတွင် စာဖတ်ရှိန်မြှင့်တင်ရေးနှင့်ကျောင်းသား၊ ကျောင်းသူများ ကျောင်းစာအပြင် ပြင်ပစာပေဗဟုသုတများ ကြွယ်ဝစေရန် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာနနှင့် လူမှုဝန်ထမ်းဦးစီးဌာနတို့ ပူးပေါင်း၍ ယမန်နေ့မွန်းလွဲ ၁ နာရီတွင် ကွင်းဆင်းဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

အသိပညာပေးဟောပြောပွဲတွင်  ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်အေးမြင့်သိန်းက ကျောင်းသား၊ ကျောင်းသူများ ကျောင်းစာအပြင် ပြင်ပစာပေဗဟုသုတများကြွယ်ဝစေရန်စာဖတ်ခြင်း၏အကျိုးကျေးဇူးများ၊ မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာန ဦးစီးအရာရှိ ဒေါ်မေဒီလွင်က ကျောင်းသား၊ ကျောင်းသူများ အားကစားကို စိတ်ပါဝင်စား လာစေရန် အားကစားပြုလုပ်ခြင်း၏အကျိုးကျေးဇူးများ၊လူမှုဝန်ထမ်းဦးစီးဌာန ဦးစီးအရာရှိ ဒေါ်လဲ့လဲ့မိုးက ကျားမရေးရာအကြမ်းဖက်မှုနှင့် သက်ငယ်မုဒိန်းမှု အသိပညာပေး အကြောင်းအရာများကို အသီးသီး အသိပညာပေးဟောပြောခဲ့ပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဇလွန်မြို့နယ်ရုံးမှ ပြသထားသောနံရံကပ်စာစောင်နှင့် စာအုပ်စာစောင် ပြပွဲကို ကျောင်းသား၊ ကျောင်းသူများ စိတ်ပါဝင်စားစွာ ကြည့်ရှုလေ့လာခဲ့ကြသည်။

ဝေယံ - ဇလွန်(ပြန်/ဆက်)