ဒေးဒရဲ စက်တင်ဘာ ၂၈
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်၌ ကျောင်းသား၊ ကျောင်းသူများ ပညာသင်အခွင့်အလမ်းများ ပိုမိုရရှိစေရေးအတွက် ဖွင့်လှစ်သင်ကြားပေးလျက်ရှိသည့် ဒေးဒရဲမြို့နယ် စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေးအထက်တန်းကျောင်းရှိ ကျောင်းသားကျောင်းသူများ အေးချမ်းပျော်ရွှင်စွာ ပညာသင်ယူနေမှုအား ယမန်နေ့ မွန်းလွဲ (၂) နာရီခွဲအချိန်က ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့၊ လူမှုရေးဝန်ကြီး ဦးခင်မောင်ကြည်နှင့် တာဝန်ရှိသူများက ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။
အဆိုပါကြည့်ရှုအားပေးခြင်းကို ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့၊ လူမှုရေးဝန်ကြီး ဦးခင်မောင်ကြည် ဖျာပုံခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးတင်လင်း၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမျိုးကျော်ကျော်နှင့် တာဝန်ရှိသူများက ကျောင်းဆောင်များတွင် ကျောင်းသား၊ ကျောင်းသူများ အေးချမ်းပျော်ရွှင်စွာ ပညာသင်ကြားနေမှု၊ ကျောင်းအိပ်၊ ကျောင်းနေ ကျောင်းသား၊ ကျောင်းသူများအတွက် နေထိုင်စားသောက်ရေးနှင့် အိပ်ဆောင်များ ဆောင်ရွက်ထားရှိမှု၊ သင်ထောက်ကူပစ္စည်းများ ဆောင်ရွက်ထားရှိမှူ၊ ကျောင်းပတ်ဝန်းကျင်သန့်ရှင်းသာယာလှပရေး ဆောင်ရွက်ထားရှိမှု၊ သောက်သုံးရေရရှိရေး ဆောင်ရွက်ထားရှိမှုအား ကြည့်ရှုစစ်ဆေးခြင်းနှင့် ကျောင်းသား၊ ကျောင်းသူများ၊ ဆရာ၊ ဆရာမများအား ရင်းရင်းနှီးနှီးတွေ့ဆုံကာ လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
အေဇာလင်း