တောင်ငူ စက်တင်ဘာ ၂၇
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ တောင်ငူမြို့ သာသနာ့ဗိမာန်တော်ကြီး၌ ဖွင့်လှစ်ထားသည့် တောင်ငူခရိုင် ရေဘေးကယ်ဆယ်ရေးကွပ်ကဲမှုရုံး၌ ယနေ့နံနက်ပိုင်းက HANSAE MYANMAR Company Limited (ရန်ကုန်)မှ ရေဘေးသင့်ပြည်သူများအတွက် T- Shirt အထည် (၁၀၀၀၀) လာရောက်လှူဒါန်းခဲ့သည်။
ထိုသို့လှူဒါန်းရာတွင် HANSAE MYANMAR Company Limited (ရန်ကုန်)မှ (USD $ ၃၅၀၀၀) တန်ဖိုးရှိ T-shirt အထည် (၁၀၀၀၀)အား လာရောက်လှူဒါန်းရာ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက လက်ခံရယူပြီး ဂုဏ်ပြုမှတ်တမ်း ပြန်လည်ပေးအပ်ခဲ့သည်။
တောင်ငူခရိုင် ရေဘေးကယ်ဆယ်ရေးကွပ်ကဲမှုရုံးသို့ စေတနာရှင်၊ အလှူရှင်များမှ နေ့စဉ်လာရောက်လှူဒါန်းလျက်ရှိရာ ၂၆-၉-၂၀၂၄ ရက်နေ့အထိ ပစ္စည်းအမျိုးမျိုး လှူဒါန်းမှုခန့်မှန်းတန်ဖိုး ကျပ်(၇၈၃၁၆၈၉၂၀ /-)နှင့် အလှူငွေ စုစုပေါင်းငွေကျပ် ( ၂၁၅၇၀၀၀၀၀ /-) လှူဒါန်းရရှိခဲ့ကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)