ကယားပြည်နယ်ဝန်ကြီးချုပ် နှစ်(၆၀)ပြည့် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် စုပေါင်းသွေးလှူဒါန်းနေမှုအား ကြည့်ရှုအားပေးပြီး အာဟာရဖြည့်စွက်စာများနှင့် အားဆေးများ ထောက်ပံ့ပေးအပ်

လွိုင်ကော်      စက်တင်ဘာ   ၂၈

၂၀၂၄ ခုနှစ်၊ အောက်တိုဘာလ ၁ ရက်နေ့တွင် ကျရောက်မည့် နှစ်(၆၀)ပြည့် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ကယားပြည်နယ်ရဲတပ်ဖွဲ့ဝင်များနှင့် အကျဉ်းဦးစီးဌာနမှ ဝန်ထမ်းများက ကုတင်(၅၀၀)ဆံ့ ပြည်နယ် ပြည်သူ့ဆေးရုံကြီး၌ စုပေါင်းသွေးလှူဒါန်းကြသည်။

နံနက်ပိုင်းတွင် အဆိုပါဆေးရုံ၌ ကယားပြည်နယ်ရဲတပ်ဖွဲ့ရှိ ရဲတပ်ဖွဲ့ဝင်များ၊ အကျဉ်းဦးစီးဌာနမှ ဝန်ထမ်း စုစုပေါင်း(၄၆)ဦးတို့က တစ်ချိန်တည်း စုပေါင်းသွေး လှူဒါန်းနေမှုများကို ယမန်နေ့က ကယားပြည်နယ်ဝန်ကြီးချုပ် ဦးဇော်မျိုးတင်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ပြည်နယ် ရဲတပ်ဖွဲ့မှူးနှင့် တာဝန်ရှိသူများက ကြည့်ရှုအားပေးကြပြီး အာဟာရဖြည့်စွက်စာများနှင့် အားဆေးများ ထောက်ပံ့ပေးအပ်ခဲ့ကာ ရဲတပ်ဖွဲ့ဝင်များနှင့် ရင်းရင်းနှီးနှီး အားပေးစကား ပြောကြားခဲ့ကြောင်း သိရသည်။

ပြည်နယ်(ပြန်/ဆက်)