ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ ရေကြီးနစ်မြုပ်နေရာများမှ ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးများနှင့် တွေ့ဆုံပွဲကျင်းပ

တောင်ငူ   စက်တင်ဘာ  ၂၈

ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် ယမန်နေ့နံနက် ၉ နာရီက တောင်ငူမြို့၊ သာသနာ့ဗိမာန်တော်ကြီး၌ ဖွင့်လှစ်ထားသည့် တောင်ငူခရိုင် ရေဘေးကယ်ဆယ်ရေးကွက်ကဲမှုရုံး၌ ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ ရပ်ကွက်/ ကျေးရွာ အုပ်ချုပ်ရေးမှူးများနှင့် တွေ့ဆုံခဲ့သည်။

တွေ့ဆုံပွဲတွင် ရေကြီးနစ်မြုပ်ခဲ့သည့်နေရာများနှင့် ပတ်သက်သည့် လိုအပ်သည်များ၊ ဆောင်ရွက်ရမည်များကို တောင်ငူခရိုင်စိုက်ပျိုးရေးဦးစီးဌာနမှ ခရိုင်ဦးစီးမှူးနှင့် ရေကြီးနစ်မြုပ် နေရာများမှ ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးများက သက်ဆိုင်ရာအလိုက်အသီးသီး ရှင်းလင်းတင်ပြခဲ့ကြသည်။

ထို့နောက် ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် စီးပွားရေးရာဝန်ကြီး ဦးတင်ဦးနှင့် သယံဇာတရေးရာဝန်ကြီး ဦးတင်သိန်းတို့က လိုအပ်သည်များ ပြန်လည်ဆွေးနွေးခဲ့ပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်က လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းပေးခဲ့သည်။

အဆိုပါတွေ့ဆုံသို့ ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ်  ဦးမျိုးဆွေဝင်း၊ စီးပွားရေးရာဝန်ကြီး ဦးတင်ဦး၊ သယံဇာတရေးရာဝန်ကြီးဦးတင်သိန်းနှင့် တိုင်းအဆင့် ဌာနဆိုင်ရာများ၊ ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)