မိုးညိုမြို့နယ်၌ မိုးစပါးစံကွက်ရိတ်သိမ်းရာ တစ်ဧကလျှင် ၁၁၄.၈၆ တင်းနှုန်းထွက်ရှိ

မိုးညို စက်တင်ဘာ ၂၇

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မိုးညိုမြို့နယ်တွင် ၂၀၂၄-၂၀၂၅ ခုနှစ်၊ မိုးစပါးများ စတင်ရိတ်သိမ်းလျက်ရှိရာ မိုးစပါးစံကွက်ရိတ်သိမ်းခြင်းကို ဇီးပင်‌ကျေးရွာအုပ်စု၊ ကံကလေးကျေးရွာ၊ ကွင်းအမှတ် (၈၅)၊ ဦးပိုင်အမှတ် (၄၅/၁) တောင်သူဦးအောင်နိုင်ဝင်း၏ ပျိုးထောင်စိုက်ပျိုးထားသော မိုးစပါးစိုက်ဧက(၃)ဧကတွင် ယနေ့နံနက်ပိုင်းက ဆောင်ရွက်ခဲ့‌ကြောင်း သိရသည်။

မိုးစပါးစံကွက်ရိတ်သိမ်းခြင်းကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ခေတ္တဥက္ကဋ္ဌ ဦးဖြိုးဝေလင်းနှင့်အဖွဲ့ဝင်များ၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနှင့် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှတာဝန်ရှိသူများ၊ မြို့နယ်မြေစာရင်းဦးစီးဌာန တာဝန်ကျဝန်ထမ်းများနှင့် ကျေးရွာအုပ်စုရှိ မိုးစပါးစိုက်တောင်သူများပူးပေါင်း၍ မိုးစပါးစံကွက်ရိတ်သိမ်းခဲ့ရာ ရက်ကိုးဆယ်မိုးစပါးစိုက်ခင်းမှ တစ်ဧကလျှင်အစိုအထွက်နှုန်း (၁၂၃.၅၁) တင်းနှင့် အခြောက်တင်းအထွက်နှုန်း တစ်ဧကလျှင် (၁၁၄.၈၆) တင်းနှုန်းထွက်ရှိကြောင်း သိရသည်။