စစ်ကိုင်းမြို့ အ.ထ.က(၂)တွင် လူငယ်စကားဝိုင်းကျင်းပ

စစ်ကိုင်း စက်တင်ဘာ ၂၇

စစ်ကိုင်းခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်းတို့ ပူးပေါင်း၍ ကျောင်းသား/ကျောင်းသူ လူငယ်များ အသိပညာဗဟုသုတရရှိစေရးအတွက် ကျောင်းစာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးလှုပ်ရှားမှုအဖြစ် လူငယ်စကားဝိုင်းကျင်းပခြင်းကို ယနေ့နံနက်(၁၀)နာရီက အဆိုပါကျောင်းတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

အခမ်းအနားတွင် အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်း၊ ကျောင်းအုပ်ကြီးက အဖွင့်အမှာစကားပြောကြားပြီး ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်မေဇင်မိုး က ဦးဆောင်ဆွေးနွေးသူအဖြစ်ဆောင်ရွက်၍ Grade-10 မှ မောင်မိုးသုခက “ လူငယ်နှင့်စာပေ”၊ Grade-10 မှ မဇာဇာထွန်း က “ လူငယ်နှင့်နည်းပညာ”၊ Grade-10 မှ မရွှေစင်လှတိုးက “လူငယ်နှင့်စာရိတ္တ”၊ Grade-10 မှ မမြသက်ခိုင်က “လူငယ်နှင့်စည်းကမ်း”၊ Grade-10 မှ မောင်သွင်ထူးပိုင် က “ လူငယ်နှင့် ပညာရေး” ခေါင်းစဉ်များဖြင့် အသီးသီးဆွေးနွေးပေးခဲ့ကြသည်။

ကျောင်းစာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့်စာဖတ်ရှိန်မြှင့်တင်ရေးလှုပ်ရှားမှုအဖြစ် လူငယ်စကားဝိုင်းတွင် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ အသိပညာပေး နံရံကပ်ဓာတ်ပုံများ နှင့် သုတ/ ရသ စာအုပ်/ စာစောင်များ ပြသပေးရာ ကျောင်းသား/ ကျောင်းသူများက စိတ်ဝင်စားစွာ ကြည့်ရှုလေ့လာခဲ့ကြကြောင်း သိရသည်။

ဇော်မြင့်နိုင်