တောင်ငူခရိုင် ရေဘေးကယ်ဆယ်ရေးကွပ်ကဲမှုရုံးသို့ ရွှေပြည်သာတစ်မြို့နယ်လုံးဆိုင်ရာ ဂီတအနုပညာရှင်များမှ ရေဘေးသင့်ပြည်သူများအတွက် လာရောက်လှူဒါန်း

တောင်ငူ စက်တင်ဘာ ၂၇

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ တောင်ငူမြို့ သာသနာ့ဗိမာန်တော်ကြီး၌ ဖွင့်လှစ်ထားသည့် တောင်ငူခရိုင် ရေဘေးကယ်ဆယ်ရေးကွပ်ကဲမှုရုံး၌ ရွှေပြည်သာတစ်မြို့နယ်လုံးဆိုင်ရာ ဂီတအနုပညာရှင်များမှ ရေဘေးသင့်ပြည်သူများအတွက် စားသောက်ကုန်များနှင့်အလှူငွေများ လာရောက်လှူဒါန်းသည်။

ထိုသို့လှူဒါန်းရာတွင် ရွှေပြည်သာ တစ်မြို့နယ်လုံးဆိုင်ရာဂီတအနုပညာရှင်များမှ ဆန်အပါအဝင် ငွေကျပ်သိန်း (၅၀) တန်ဖိုးရှိ စားသောက်ကုန်များနှင့် လှူဒါန်းငွေကျပ် (၁၀) သိန်း၊ စုစုပေါင်းကျပ်သိန်း (၆၀) ခန့်လာရောက်လှူဒါန်းရာ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ အဖွဲ့ဝင် သယံဇာတရေးရာဝန်ကြီး ဦးတင်သိန်းက လက်ခံရယူပြီး ဂုဏ်ပြုမှတ်တမ်း ပြန်လည်ပေးအပ်ခဲ့သည်။

တောင်ငူခရိုင် ရေဘေးကယ်ဆယ်ရေးကွပ်ကဲမှုရုံးသို့ စေတနာရှင်အလှူရှင်များမှ နေ့စဉ်လာရောက်လှူဒါန်းလျက်ရှိရာ ၂၅-၉-၂၀၂၄ ရက်နေ့အထိ ပစ္စည်းအမျိုးမျိုးလှူဒါန်းမှု ခန့်မှန်းတန်ဖိုးငွေကျပ် (၇၃၇၅၃၈၉၂၀/-) နှင့် အလှူငွေစုစုပေါင်းငွေကျပ် (၂၁၄၅၀၀၀၀၀/-) ကို လက်ခံရရှိခဲ့ကြောင်း သိရသည်။

ခရိုင် (ပြန်/ဆက်)