လှိုင်းဘွဲ စက်တင်ဘာ ၂၇
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လှိုင်းဘွဲမြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်းတို့ပူးပေါင်း၍ မြို့နယ်အတွင်း ဒေသနေလူငယ်များ အသိပညာဗဟုသတ တိုးပွားလာစေရန်၊ စာဖတ်သည့် အလေ့အကျင့်ကောင်းများ ရရှိလာရန်အတွက် လစဉ်စာဖတ်ဝိုင်းများ ဆောင်ရွက်လျက်ရှိရာစာရေးဆရာ သန်းဖြိုးနိုင်(ကညင်ကျိုး)ရေးသားသည့် အနာဂတ်နိုင်ငံတော်နှင့်လူငယ်များအခန်းကဏ္ဏစာအုပ်ဖြင့် စာဖတ်ဝိုင်းကို ယမန်နေ့ ညနေ ၃ နာရီအချိန်က လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ ဆောင်ရွက်ခဲ့ကြသည်။
စာဖတ်ဝိုင်းတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဦးစောသော်တာလင်းသန့်က လူငယ်များသည်အနာဂတ်နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးအတွက် အရေးပါသောအခန်းကဏ္ဍဖြစ်ပြီး ဒေသနေလူငယ်များအနေဖြင့် အသိပညာဗဟုသုတများ ပြည့်စုံစေရန်အတွက် စာအုပ်စာပေများကို လေ့လာဖတ်ရှုရမည်ဖြစ်ကြောင်း၊ စာဖတ်ရခြင်း၏ အကျိုးကျေးဇူးနှင့် စာဖတ်ဝိုင်းဆောင်ရွက်ရခြင်း၏ ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားပြီး လှိုင်းဘွဲမြို့နယ် စာအုပ်စာပေချစ်မြတ်နိုးသူများအသင်း(Book Club)အဖွဲ့ဝင် ဦးသန်းထွန်းက အနာဂတ်နိုင်ငံတော်နှင့်လူငယ်များ၏အခန်းကဏ္ဍ စာအုပ်၏ရေးသာရခြင်း ရည်ရွယ် ချက်နှင့်အစိုးရတစ်ရပ်၏ သက်တမ်းကာလတွင် ကောင်းမွန်မှန်ကန်သည့် အုပ်ချုပ်မှုစနစ်နှင့်သန့်ရှင်းသည့် အစိုးရဖြစ်ရန်၊ ပြည်သူလူထုထံက ယုံကြည်မျုရရှိရန်၊ နိုင်ငံကို ကမ္ဘာအလယ်တွင် ထိုက်တန်သည့် နေရာတစ်ခုရရှိရန်၊ နိုင်ငံ့စီးပွားရေးဦးမော့လာစေရန်နှင့် နိုင်ငံတကာ သံခင်းတမန်ခင်းကိစ္စများ အဆင်ပြေချောမွေ့ရန် လိုအပ်ကြောင်း ဆွေးနွေးပြောကြားခဲ့သည်။
ထို့နောက် တက်ရောက်လာသော စာအုပ်စာပေချစ်မြတ်နိုးသူများအသင်း(Book Club)အဖွဲ့ဝင်များက စာရေးဆရာ သန်းဖြိုးနိုင်(ကညင်းကျိုး)ရေးသားထားသော အနာဂတ်နိုင်ငံတော်နှင့်လူငယ်များ၏ အခန်းကဏ္ဍစာအုပ်ထဲမှ နိုင်ငံ့ဘဏ္ဍာ ချိုးခြံချွေတာရေးနှင့် အစိုးရဌာနများ၏ အခန်းကဏ္ဍ၊ တရားဥပဒေစိုးမိုးရေးနဲ့ တိုက်ရိုက်အချိုးကျနေတဲ့ တရားစီရင်ရေး၊ နိုင်ငံသားတစ်ဦး မဆုံးရှုံးသင့်တဲ့ဥပဒေ၏ အကာအကွယ်၊ စနစ်တကျပြုစုပျိုးထောင်ရမည့် လူ့စွမ်းအား အရင်းအမြစ်များ၊ ပြောင်းလဲရမည့်အရာများစွာ၊ လူတိုင်းကိုယ်စီ လက်ကိုင်ထားပြု ကျင့်ရမည့်အချက်များ၊ ခေတ်စနစ်နှင့်အညီ Facebook ကို အကျိုးရှိအောင် ဘယ်လိုအသုံးချရမလဲ၊ အနာဂတ်နိုင်ငံတော်နှင့်လူငယ်များ၏ အခန်း ကဏ္ဍများကို အသီးသီးဆွေးနွေးခဲ့ကြကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)