ဖြူး စက်တင်ဘာ ၂၇
၂၀၂၄ ခုနှစ်၊ လူဦးရေနှင့်အိမ်အကြောင်းအရာသန်းခေါင်စာရင်း တိကျမှန်ကန်စွာ ရရှိစေရေး အောက်တိုဘာလ (၁) ရက်နေ့မှ (၁၅) ရက်နေ့အထိ တစ်နိုင်ငံလုံးအတိုင်းအတာအရ သန်းခေါင်စာရင်းကောက်ယူမည်ဖြစ်ရာ ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ဖြူးမြို့နယ်အတွင်း သန်းခေါင်စာရင်းကောက်ယူနိုင်ရေး သန်းခေါင်စာရင်းကောက်ယူမည့် စာရင်းစစ်/စာရင်းကောက် ဆရာ/ဆရာမများ၊ ကြီးကြပ်ဆောင်ရွက်ရမည့် ဌာနဆိုင်ရာများ၊ ရပ်ကွက်/ကျေးရွာအုပ်စု သန်းခေါင်စာရင်းကော်မတီများသည် ယမန်နေ့နံနက် (၁၁) နာရီက မြို့နယ်ခန်းမတွင် ညှိနှိုင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
သန်းခေါင် စာရင်းကောက်ယူရာတွင် စာရင်းကောက်ကွက်အတွင်း တစ်အိမ်တက်ဆင်း အိမ်တိုင်ရာရောက် Mobile Tablet များ အသုံးပြု၍ သန်းခေါင်စာရင်းကောက်ယူသွားရာတွင် အဖွဲ့ (၃၈) ဖွဲ့ဖြင့် ရပ်ကွက်/ကျေးရွာအလိုက်ခွဲ၍ မှန်ကန်သောစာရင်းများရရှိရေး ကောက်ယူသွားမည်ဖြစ်ကြောင်းနှင့် ထိုသို့ညှိနှိုင်းဆောင်ရွက်ပြီး ဖြူးမြို့နယ်သန်းခေါင်စာရင်းကော်မတီဥက္ကဋ္ဌ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် မြို့နယ်သန်းခေါင်စာရင်းကော်မတီအတွင်းရေးမှူး လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ မြို့နယ်ဦးစီးမှူးရုံးမှ မြို့နယ်ဦးစီးမှူးတို့ သန်းခေါင်စာရင်းကောက်ယူမည့် စာရင်းစစ်/စာရင်းကောက် ဆရာ/ဆရာမများအား တာဝန်ပေးအပ်လွှာများ ပေးအပ်ခဲ့ကြောင်းသိရသည်။
နေမျိုးလွင် (ပြန်/ဆက်)