လက်ပံတန်း စက်တင်ဘာ ၂၇
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ လက်ပံတန်းမြို့နယ်တွင် ၂၀၂၄ ခုနှစ် လူဦးရေနှင့်အိမ်အကြောင်းအရာသန်းခေါင်စာရင်း မြို့နယ်အဆင့် စာရင်းစစ်စာရင်းကောက်သင်တန်းဆင်းပွဲအခမ်းအနားကို ယမန်နေ့မွန်းလွဲ ၁ နာရီက GTI ကျောင်းခန်းမ၌ကျင်းပရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးနေမင်းအောင်နှင့်အဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ သင်တန်းသား၊ သင်တန်းသူများ စုစုပေါင်း ၂၅၀ ဦးခန့် တက်ရောက်ခဲ့သည်။
ရှေးဦးစွာ လက်ပံတန်းမြို့နယ်၊ သန်းခေါင်စာရင်းကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးနေမင်းအောင်က အဖွင့်အမှာစကားပြောကြားပြီး လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန မြို့နယ်ဦးစီးမှူး ဦးကျော်စိုးမိုးနှင့် တာဝန်ရှိသူများက ရပ်ကွက်ကျေးရွာအုပ်စုများရှိ စာရင်းစစ်၊ စာရင်းကောက် သင်တန်းသား၊ သင်တန်းသူများအား သင်တန်းဆင်း ခန့်အပ်လွှာများပေးအပ်ခဲ့သည်။
လက်ပံတန်းမြို့နယ်တွင် ရပ်ကွက်ကျေးရွာအုပ်စု ၅၃ အုပ်စု၊ ကျေရွာပေါင်း ၃၁၀ ၌ ကောက်ကွက်ပေါင်း ၅၃၆ ကွက်ရှိ၍ စာရင်းစစ်၊ စာရင်းကောက် ၂၀၂ ဦးဖြင့် မြို့နယ်အဆင့်/ ရပ်ကျေးအဆင့် ကြီးကြပ်မှုကော်မတီများဖွဲ့စည်းပြီး လုံခြုံရေး၊ အုပ်ချုပ်ထောက်ပံ့မှုကိစ္စရပ်များ ပြင်ဆင်ထားရှိကာ ၂၀၂၄ ခုနှစ် သန်းခေါင်စာရင်းကောက်ယူရေးလုပ်ငန်းများ အောင်မြင်အောင်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း မြို့နယ်သန်းခေါင်စာရင်းကော်မတီမှ သိရှိရသည်။
မြို့နယ် (ပြန်/ဆက်)