မြဝတီခရိုင်၌ ၂၀၂၄ ခုနှစ်၊  လူဦးရေနှင့်အိမ်အကြောင်းအရာသန်းခေါင်စာရင်းမြို့နယ်အဆင့်  စာရင်းစစ်၊ စာရင်းကောက်သင်တန်းဆင်းပွဲ ကျင်းပ

မြဝတီ စက်တင်ဘာ ၂၇

၂၀၂၄ ခုနှစ်၊ လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကြီးကြပ်မှုကော်မတီအဆင့်ဆင့်၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် မြို့နယ်အဆင့် စာရင်းစစ်၊ စာရင်းကောက်သင်တန်းဆင်းပွဲအခမ်းအနားကို ယမန်နေ့မွန်းလွဲ ၂ နာရီက ကရင်ပြည်နယ်၊  မြဝတီမြို့၊ အမှတ်(၄)ရပ်ကွက်၊ City Home ခန်းမ၌ ကျင်းပခဲ့သည်။

သင်တန်းဆင်းပွဲတွင် မြဝတီမြို့နယ် သန်းခေါင်စာရင်းကော်မတီဥက္ကဋ္ဌ    မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသက်လွင်က ၂၀၂၄ ခုနှစ်၊ သန်းခေါင်စာရင်းကောက်ယူခြင်းလုပ်ငန်းသည် နိုင်ငံတော်အတွက် အလွန်အရေးပါပြီးအမျိုးသားရေး တာဝန်တစ်ရပ်ဖြစ်ကြောင်းနှင့် လက်တွေ့သင်ကြားပေးသည့် ဘာသာရပ်အလိုက် မြေပြင်ကွင်းဆင်းစာရင်းကောက်ယူရာတွင်မထပ်၊ မကျန်ထိရောက်မှုဖြင့် သတ်မှတ်ချိန်အတွင်း အောင်မြင်စွာကောက်ယူကြစေလိုကြောင်း အဖွင့်အမှာစကားပြောကြား သည်။

ထို့နောက်  မြဝတီခရိုင် သန်းခေါင်စာရင်းကော်မတီဥက္ကဋ္ဌ   ခရိုင်အုပ်ချုပ်ရေးမှူး ဦးကောင်းစံလင်း၊ ခရိုင်ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီး မိုးကျော်ဟိန်း၊ ခရိုင်လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနမှ ခရိုင်ဦးစီးဌာနမှူး ဦးကျော်ကျော်သန်း၊ မြဝတီမြို့နယ်သန်းခေါင်စာရင်းကော်မတီဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသက်လွင်နှင့် မြို့နယ်သန်းခေါင်စာရင်းကော်မတီ အတွင်းရေးမှူး  မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနမှ မြို့နယ်ဦးစီးဌာနမှူး ဦးတင်အောင်ဝင်းတို့က သင်တန်းအဖွဲ့ခေါင်းဆောင်ဆရာ/ဆရာမများအား မြို့နယ်စာရင်းစစ်၊ စာရင်းကောက် ခန့်အပ်လွှာများ‌ ပေးအပ်သည်။

ဆက်လက်၍ မြဝတီခရိုင်သန်းခေါင်စာရင်းကော်မတီဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးကောင်းစံလင်းက သင်တန်းသား၊ သင်တန်းသူများအနေဖြင့် သန်းခေါင် စာရင်းကောက်ယူခြင်းလုပ်ငန်းတွင် မိမိတို့အတွေ့အကြုံ၊ စွမ်းဆောင်နိုင်မှုအရည်အသွေး၊ စိတ်စေတနာကောင်းများနှင့်ပေါင်းစပ်ပြီး အောင်မြင်အောင်  ဆောင်ရွက်ကြစေလို‌ကြောင်းနှင့်လိုအပ်ချက်များရှိပါက ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း အားပေးစကားပြောကြားသည်။ မြဝတီမြို့နယ်အနေဖြင့် ၂၀၂၄ ခုနှစ်၊ လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူခြင်းလုပ်ငန်းကို အောက်တိုဘာ ၁ ရက်နေ့မှစ၍ ရပ်ကွက်ကိုးခုနှင့် ကျေးရွာ ပ်စုငါးအုပ်စု၊ ကောက်ကွက်ပေါင်း ၁၅၈ ကွက်တို့၌ စာရင်းစစ် ၂၄ ဦး၊ စာရင်းကောက်  ၆၁ ဦးတို့က   Mobile  Tablet  များအသုံးပြု၍ တစ်အိမ်တက်ဆင်းစနစ်ဖြင့်  စနစ်တကျ စာရင်းကောက်ယူသွားမည်ဖြစ်ကြောင်း သိရသည်။

ဇာဖြူဝင်း(မြဝတီ)