ကျိုက်လတ်၌ လူဦးရေနှင့် အိမ်အကြောင်းအရာသန်းခေါင်စာရင်း ကောက်ယူနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ

ကျိုက်လတ် စက်တင်ဘာ ၂၇

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ်တွင် လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်း ကောက်ယူနိုင်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို စက်တင်ဘာလ (၂၅) ရက်၊ မွန်းလွဲပိုင်းက အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်အုပ်ချုပ်ရေးမှူးရုံးခန်း၌ ကျင်းပပြုလုပ်ခဲ့သည်။

အစည်းအဝေးတွင် မြို့နယ်သန်းခေါင်စာရင်းကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမင်းအောင်က အမျိုးသားရေးတာဝန်တစ်ရပ်အနေဖြင့် သတ်မှတ်၍ ဆောင်ရွက်ရသော လုပ်ငန်းဖြစ်သောကြောင့် အောင်မြင်စွာ ဆောင်ရွက်နိုင်ရေးအတွက် စာရင်းစစ်၊ စာရင်းကောက်များ၊ မြို့နယ်သန်းခေါင်စာရင်း ကော်မတီဝင်များနှင့်ပူးပေါင်း၍ အဆင်ပြေစွာလုပ်ဆောင်နိုင်ရေး၊ လိုအပ်သည်များ ပံ့ပိုးကူညီပေးနိုင်ရေး၊ ကြိုတင်စီမံဆောင်ရွက်ထားရှိနိုင်ရေး ဆွေးနွေးပြောကြားခဲ့သည်။ ထို့နောက် တက်ရောက်လာကြသည့် မြို့နယ်သန်းခေါင်စာရင်းကော်မတီဝင်များနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးတို့မှ မြို့နယ်အတွင်း အောက်တိုဘာလ (၁) ရက်နေ့မှ (၁၅) ရက်နေ့အထိ လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်း ကောက်ယူနိုင်ရေးအတွက် လိုအပ်သည့်လုံခြုံရေး၊ ကျန်းမာရေးနှင့် ကောက်ကွက်အသီးသီးတွင် တာဝန်ယူ‌ဆောင်ရွက်မည့်သူများအား စီစဉ်ဆောင်ရွက် ထားရှိမှုများနှင့်ပတ်သက်၍ ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

ကျိုက်လတ် (ပြန်/ဆက်)