သာယာဝတီမြို့နယ်တွင် မိုးစပါးစံကွက် ရိတ်သိမ်းပွဲကျင်းပ

သာယာဝတီ  စက်တင်ဘာ ၂၇

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီမြို့နယ်၊ သာယာအေးကျေးရွာအုပ်စု၊ သာယာအေးကျေးရွာ၊ တောင်သူဦးလှိုင်းသူ၏ Durm Seeder ဖြင့်စိုက်သည့် ဗီယက်နမ်မျိုးစိုက်ခင်းဧက(၁၄)ဧက စိုက်ခင်းတွင် ယမန်နေ့နံနက်ပိုင်းက စံကွက်ရိတ်သိမ်းခဲ့ကြောင်း သိရသည်။

မိုးစပါးစံကွက်ရိတ်သိမ်းရာသို့ သာယာဝတီခရိုင်အုပ်ချုပ်ရေးမှူးဦးခင်မောင်ထွေးနှင့် ခရိုင်စိုက်ပျိုးရေးကြီးကြပ်မှုကော်မတီအဖွဲ့ဝင်များ၊ သာယာဝတီမြို့နယ်အုပ်ချုပ်ရေးမှုး ဦးဆန်းဟိုနှင့် မြို့နယ်စိုက်ပျိုးရေးကြီးကြပ်မှုကော်မတီအဖွဲ့ဝင်များက ကြည့်ရှု့အားပေးခဲ့သည်။

အဆိုပါစိုက်ခင်းတွင် မိုးစပါးတစ်ဧကလျှင် အစိုအထွက်နှုန်း (၁၃၃.၀) တင်း၊ အခြောက်အထွက်နှုန်း (၁၁၇.၆၅)တင်း ထွက်ရှိကြောင်းသိရသည်။

သန့်ဇော်(ပြန်/ဆက်)