ဆင်ပေါင်ဝဲမြို့နယ် ကိုးပင်မူလတန်းကြိုကျောင်း၌ ဉာဏစွမ်းရည်ပြိုင်ပွဲနှင့် ဆုချီးမြှင့်ပွဲအခမ်းအနား ကျင်းပ

ဆင်ပေါင်ဝဲ စက်တင်ဘာ ၂၇

မကွေးတိုင်းဒေသကြီး၊ အောင်လံခရိုင်၊ ဆင်ပေါင်ဝဲမြို့နယ် ကိုးပင်ကျေးရွာ လူမှုဝန်ထမ်းဦးစီးဌာန၏ မူလတန်းကြိုကျောင်း၌ ဉာဏစွမ်းရည်ပြိုင်ပွဲနှင့် ဆုချီးမြှင့်ပွဲ အခမ်းအနားကို ယမန်နေ့နံနက် ၉ နာရီအချိန်က အဆိုပါကျောင်းခန်းမ၌ ကျင်းပပြုလုပ်သည်။

ထို့နောက် တက်ရောက်လာကြသော ကိုးပင်မူလတန်းကြိုကျောင်းမှ ဆရာ၊ ဆရာမများ၊ တာဝန်ရှိသူများနှင့် မိဘပြည်သူများအား မူလတန်းကြိုကျောင်းအကြီးတန်းနှင့် အငယ်တန်းတို့မှ သားငယ်၊ သမီးငယ်များက ပုရွက်ဆိတ်ပုံပြင်ဖြင့်လည်းကောင်း၊ WalkingWalkingSong ဖြင့်လည်းကောင်း၊ ကျောင်းနေပျော်ဖို့ ရုပ်ပြပုံပြင်ဖြင့်လည်းကောင်း၊ ယုံကလေးကဗျာဖြင့် လည်းကောင်း၊ လမ်းလျှောက်မယ်သီချင်းဖြင့်လည်းကောင်း၊ နမူနာကဗျာဖြင့်လည်းကောင်း စသည်တို့ဖြင့် ပါဝင်ယှဥ်ပြိုင်ခဲ့ကြကြောင်း သိရသည်။

ဆက်လက်ပြီး ကိုးပင်မူလတန်းကြိုကျောင်းမှ သားငယ်၊ သမီးငယ်လေးများအား လူမှုဝန်ထမ်းဦးစီးဌာန ဒုတိယဦးစီးမှူး ဒေါ်ခင်သိမ့်သိမ့်၊ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဦးနိုင်လင်းနှင့် တာဝန်ရှိသူများက ဆုများပေးအပ်ချီးမြှင့်ခဲ့ကြကြောင်း သိရသည်။

ခန့်ဝင်း(ဆင်ပေါင်ဝဲ)