စစ်ကိုင်း စက်တင်ဘာ ၂၆
စစ်ကိုင်းခရိုင် လူမှုဝန်ထမ်းဦးစီးဌာန၊ ခရိုင်ပြည်သူ့ကျန်းမာရေးဦးစီးဌာနနှင့် ခရိုင်/ မြို့နယ် အမျိုးသမီးရေးရာအဖွဲ့၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းတို့ ပူးပေါင်း၍ အပြည်ပြည်ဆိုင်ရာ သက်ကြီးပုဂ္ဂိုလ်များနေ့ ကျန်းမာရေးစောင့်ရှောက်မှု ဆောင်ရွက်ပေးခြင်း အခမ်းအနားကို ယနေ့နံနက်(၁၀)နာရီက အဆိုပါဘိုးဘွားရိပ်သာ၌ ကျင်းပဆောင်ရွက်သည်။
ကျန်းမာရေးစောင့်ရှောက်မှုပေးရာတွင် ခရိုင်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဒေါက်တာ လင်းလင်းချစ်၊ ဒေါက်တာ သော်တာထက်တို့ ဦးဆောင်၍ ကျန်းမာရေးဝန်ထမ်းများက အဘိုး/ အဘွားများအား သွေးဖောက်စစ်ဆေးခြင်း၊ အပူချိန်တိုင်းတာခြင်း၊ သွေးပေါင်ချိန်ခြင်းများ ဆောင်ရွက်ပေးကာ လိုအပ်သည့် ဆေးဝါများကို အဘိုး/အဘွားများ လက်ဝယ်အရောက် ပေးအပ်ခဲ့ကြရာ လူမှုဝန်ထမ်းဦးစီး ဌာနမှတာဝန်ရှိသူနှင့်ဝန်ထမ်းများ၊ အမျိုးသမီးရေးရာအဖွဲ့များ၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအ သင်းအဖွဲ့များက ဝိုင်းဝန်းကူညီ ဆောင်ရွက်ပေးခဲ့ကြသည်။
ယနေ့ ရွာထောင်ဘိုးဘွားရိပ်သာရှိ အဘိုး/ အဘွားများအား ကျန်းမာရေးစောင့်ရှောက်မှုပေးရာတွင် အဘိုး(၁၂)ဦး၊ အဘွား(၃၃)ဦး၊ စုစုပေါင်း (၄၅)ဦးတို့အား ပြုစုစောင့်ရှောက်ပေးခဲ့ကြပြီး ခရိုင်ပြည်သူ့ကျန်းမာရေးဦးစီးဌာနအနေဖြင့် သက်ဆိုင်ရာ ဌာနဆိုင်ရာများ၊ အခြေခံပညာကျောင်းများ၊ ရပ်ကွက်နေ တာဝန်သိပြည်သူများနှင့် ပူးပေါင်း၍ ကျန်းမာရေးစောင့်ရှောက်မှုများ စဉ်ဆက်မပြတ် ဆောင်ရွက်ပေးနေလျက်ရှိကြောင်း သိရသည်။
ဇော်မြင့်နိုင်(ပြန်/ဆက်)