လိပ်သို စက်တင်ဘာ ၂၆
ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သိုဒေသတွင် မိုးနှောင်းကာလ မျှစ်များ ရှားပါးလာချိန်၌ ဒေသထွက်မျှစ်ပြုတ်များ ရောင်းဝယ်မှု အားကောင်းလျက်ရှိနေကြောင်း သိရသည်။
မျှစ်ပြုတ်ပြုလုပ်ရောင်းချသူများမှာ ချိုးယူရရှိသော မျှစ်စိမ်းများကို အလုံးလိုက်ပြုတ်ပြီး ပလပ်စတစ်အိတ်ကြီးများဖြင့် ထုတ်ပိုးကာ လိပ်သိုမြို့ပေါ်ရှိ အဝယ်ဒိုင်များထံသို့ လည်းကောင်း၊ ပဲခူးတိုင်းဒေသကြီး တောင်ငူမြို့ရှိ မျှစ်အဝယ်ဒိုင်များသို့လည်းကောင်း ပို့ဆောင်ရောင်းချကြကြောင်း သိရသည်။
တောင်ငူမြို့မှ မျှစ်အဝယ်ဒိုင်များသည် လိပ်သိုဒေသထွက်မျှစ်များကို ဝယ်ယူပြီး ပြန်လည်သန့်စင်ကာ မျှစ်ချဉ်၊ မျှစ်ချိုနှင့် မျှစ်ခြောက်များ ထုတ်လုပ်တင်ပို့ကြသောကြောင့် ဒေသထွက်မျှစ်ပြုတ်များ ရောင်းဝယ်မှုအားကောင်းလျက်ရှိပြီး မျှစ်ပြုတ်တစ်ပိဿာလျှင် (၁၅၀ဝိ/) ကျပ်မှ (၂၀၀ဝိ/-) ကျပ်အထိ ဝယ်ယူလျက်ရှိနေကြောင်း သိရသည်။
ခင်လေးနွယ်(လိပ်သို)