သရက် စက်တင်ဘာ ၂၆
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင် ပုဂ္ဂလိကကျန်းမာရေးလုပ်ငန်းဆိုင်ရာ ကြီးကြပ်ရေးလုပ်ငန်းကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ မွန်းလွဲ(၂)နာရီက ခရိုင်ဆေးရုံအစည်းအဝေးတွင် ကျင်းပခဲ့သည်။
အဆိုပါ အခမ်းနားတွင် သရက်ခရိုင် ပုဂ္ဂလိကကျန်းမာရေးလုပ်ငန်းဆိုင်ရာကြီးကြပ်ရေး လုပ်ငန်းကော်မတီဥက္ကဋ္ဌ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမြတ်ထွန်းဦးက အဖွင့်အမှာစကားပြောကြားရာမှာ ပုဂ္ဂလိက ကျန်းမာရေးလုပ်ငန်းဆိုသည်မှာ ပုဂ္ဂလိကအဖွဲ့အစည်းစည်းတစ်ခုခု(သို့မဟုတ်) ပုဂ္ဂလိကတစ်ဦးဦးက အကျိုးအမြတ်ရရှိစေရန်ရည်ရွယ်၍ဖြစ်စေ အကျိုးအမြတ်ရရှိရန်မရည်ရွယ်ဘဲဖြစ်စေ လုပ်ကိုင်သော ပုဒ်မ-၇ပါ ကျန်းမာရေးလုပ်ငန်းအရပ်ရပ်ကိုဆိုသည်ဟူ၍ ပုဂ္ဂလိက ကျန်းမာရေးလုပ်ငန်းဆိုင်ရာ ဉပဒေတွင်ဖော်ပြထားသည်ဟု ပြောကြားပေးခဲ့ပြီး ခရိုင်ပုဂ္ဂလိက ကျန်းမာရေးလုပ်ငန်းဆိုင်ရာ ကြီးကြပ်ရေးလုပ်ငန်းကော်မတီအတွင်းရေးမှူး ခရိုင်ကုသရေးဦးစီးဌာနမှူး ဒေါက်တာညွန့်ရွှေအောင်က သရက်ခရိုင်ပုဂ္ဂလိကကျန်းမာရေးလုပ်ငန်းများ၊ ပုဂ္ဂလိကကျန်းမာရေးလုပ်ငန်းဆိုင်ရာ ဉပဒေနှင့်ပတ်သက်၍ ရှင်းလင်း ပြောကြားခဲ့သည်။
ထို့နောက် အစည်းအဝေးတက်ရောက်သည့် ကော်မတီဝင်များ၊ ပုဂ္ဂလိဆေးခန်းများမှ တက်ရောက်သူများမှ တင်ပြကြသည်။ သရက်ခရိုင် ပုဂ္ဂလိက ကျန်းမာရေးလုပ်ငန်းဆိုင်ရာ ကြီးကြပ်ရေးလုပ်ငန်းကော်မတီဥက္ကက တက်ရောက်လာသူများမှ တင်ပြပေးမှုအပေါ် လိုအပ်သည်များ ဖြည့်စွက်မှာကြားခဲ့ကြောင်း သိရသည်။
ဇော်ထက်(သရက်)