လှိုင်းဘွဲမြို့နယ် ရွှေဂွန်းကျေးရွာတွင် ရေပြန်လည်ကျဆင်းနေပြီဖြစ်၍ စာသင်ကျောင်းများ၊ ဘုန်းတော်ကြီးကျောင်းများနှင့် လျှပ်စစ်ဓာတ်ခွဲရုံများတွင် စုပေါင်းသန့်ရှင်ရေးဆောင်ရွက်

လှိုင်းဘွဲ စက်တင်ဘာ ၂၆

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လှိုင်းဘွဲမြို့နယ် ရွှေဂွန်းကျေးရွာတွင် စက်တင်ဘာလ(၁၂)ရက်နေ့မှ စက်တင်ဘာလ(၁၈)ရက်နေ့အထိ သံလွင်မြစ်ရေမြင့်တက်လာမှုကြောင့် သံလွင်မြစ်ကမ်းပါးရှိ ရပ်ကွက်များနှင့်ကျေးရွာများတွင် ရေဝင်ရောက်မှုဖြစ်ပေါ်ခဲ့ပြီး ယခုအချိန်တွင် ရေပြန်လည်ကျဆင်းလာပြီးဖြစ်၍  စာသင်ကျောင်းများ၊ ဘုန်းတော်ကြီးကျောင်းနှင့် လျှပ်စစ်ဓါတ်အားခွဲရုံ စုပေါင်းသန့်ရှင်းရေးဆောင်ရွက်ခြင်းကို မြို့နယ်မီးသတ်တပ်ဖွဲ့မှ ဦးဆောင်၍ ယနေ့နံနက်ပိုင်းက ဆောင် ရွက်လျက်ရှိကြောင်း သိရသည်။

အဆိုပါ စုပေါင်းသန့်ရှင်းရေးဆောင်ရွက်ရာတွင် လှိုင်းဘွဲမြို့နယ် မီးသတ်တပ်ဖွဲ့မှ ဦးစီးအရာရှိ ဦးသီဟမြင့်ဆွေက ကြီးကြပ်၍ မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များ၊ ရွှေဂွန်းကျေးရွာ မီးသတ်တပ်ဖွဲ့ဝင်၊ လူမှုကယ်ဆယ်ရေးအသင်းအဖွဲ့ဝင်များနှင့် ရပ်ရွာပြည်သူလူထုများက ရွှေဂွန်းကျေးရွာအုပ်စု ကမ်းနီကျေးရွာရှိ (33KV) လျှပ်စစ်ဓါတ်အားခွဲရုံကို လျှပ်စစ်အန္တရာယ်ကင်းရှင်းရေး၊ လျှပ်စစ်ဓါတ်အား ပြန်လည်ရရှိရေးအတွက် သံလွင်မြစ်ရေမြင့်တက်လာမှုကြောင့် တင်ကျန်နေသော ရွှံ့မြေ၊ နှုံးမြေများ၊ အမှိုက်သရိုက်များအား စုပေါင်းသန့်ရှင်းရေးဆောင်ရွက်ခဲ့ကြပြီး အလားတူ ရွှေဂွန်းကျေးရွာနှင့် ကမ်းနီကျေးရွာရှိ စာသင်ကျောင်းများ၊ ဘုန်းတော်ကြီးကျောင်းများကိုလည်း စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)