ရွှေတောင် စက်တင်ဘာ ၂၆
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန၊ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ်တွင် နွားနှင့် ဆိတ် မေထုန်မဲ့သားစပ်ခြင်း သင်တန်းအမှတ်စဉ် (၂/၂၀၂၄) သင်တန်းဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီခွဲအချိန်က သရက်တောရပ်ကွက်၊ မိခင်နှင့်ကလေးသားဖွားဆောင်ခန်းမ၌ ကျင်းပခဲ့သည်။
အဆိုပါ နွားနှင့် ဆိတ် မေထုန်မဲ့သားစပ်ခြင်း သင်တန်းဖွင့်ပွဲခမ်းအနားတွင် ရွှေတောင်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဟံဝင်းအောင်က အဖွင့်အမှာစကားပြောကြားပြီး၊ ရွှေတောင်မြို့နယ်၊ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဒေါက်တာအေးချမ်းဝင်းက သင်တန်းဖွင့်လှစ်ရခြင်းနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားပြီး နွားနှင့် ဆိတ် မေထုန်မဲ့သားစပ်ခြင်း သင်တန်းကို စက်တင်ဘာ ၂၆ ရက်မှ စက်တင်ဘာ ၃၀ ရက်နေ့အထိ (၅) ရက်ဖွင့်လှစ်၍ စာတွေ့လက်တွေ့ သင်ကြားဖွင့်လှစ်သွားမည်ဖြစ်ကြောင်း ရွှေတောင်မြို့နယ်တွင် သင်တန်းသား(၂၃)ဦးတို့ဖြင့် ဖွင့်လှစ်သင်ကြားသွားမည်ဖြစ်ကြောင်း ရှင်းလင်းပြောကြားခဲ့သည်။ ရွှေတောင်မြို့နယ်အတွင်းရှိ တိရစ္ဆာန်ကျန်းမာရေးလုပ်သားများအား မေထုန်မဲ့သားစပ်ခြင်းဆိုင်ရာ သင်တန်းဖွင့်လှစ်ပေးခြင်းဖြင့် နွားမေထုန်မဲ့သားစပ်ကျွမ်းကျင်သူအရေအတွက် တိုးပွားလာပြီး မွေးမြူရေးလုပ်ငန်းကို အောင်မြင်စွာ ဆောင်ရွက်နိုင်ရေးအတွက် အသိပညာ၊ အတတ်ပညာရှင်များနှင့် လူ့စွမ်းအားအရင်းအမြစ်များ မွေးထုတ်ပေးနိုင်ရေးအတွက် ရည်ရွယ်၍ သင်တန်းဖွင့်လှစ်ခဲ့ကြောင်း သိရသည်။
မေထုန်မဲ့ နွားနှင့် ဆိတ်သားစပ်သင်တန်းသို့ ရွှေတောင်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဟံဝင်းအောင်နှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာအကြီးအကဲများ၊ ရွှေတောင်မြို့နယ်၊ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဒေါက်တာအေးချမ်းဝင်းနှင့် ဝန်ထမ်းများ၊ သင်တန်းသား (၂၃) ဦး တက်ရောက်ခဲ့ကြကြောင်း သိရသည်။
ကိုကိုမင်း (ပြန်/ဆက်)