ဆိပ်ဖြူမြို့၌ ဓာတ်မြေသြဇာ လက်လီ/လက္ကား ဖြန့်ဖြူးရောင်းချသည့် ဆိုင်များအား ဒေသအလိုက် သတ်မှတ်ရည်ညွှန်းစျေးနှုန်းများဖြင့် ရောင်းချခြင်း ရှိ/မရှိ ကွင်းဆင်းစစ်ဆေး

ဆိပ်ဖြူ စက်တင်ဘာ ၂

မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ဆိပ်ဖြူမြို့၌ ဓာတ်မြေသြဇာ လက်လီ/လက္ကား ဖြန့်ဖြူးရောင်းချသည့် ဆိုင်များအား ဒေသအလိုက်သတ်မှတ် ရည်ညွှန်းစျေးနှုန်းများဖြင့် ရောင်းချခြင်း ရှိ/မရှိ မြို့နယ်ယူရီးယား ဓာတ်မြေဩဇာဝယ်ယူဖြန့် ​ဖြူး​ရောင်းချ​ရေး ဦးဆောင်ကော်မတီက ယမန်နေ့မွန်းလွဲ ၁ နာရီအချိန်က ကွင်းဆင်းစစ်ဆေးခဲ့သည်။

အဆိုပါ ကွင်းဆင်းစစ်ဆေးရာတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစည်သူနေမျိုး၊ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန ဦးစီးမှူး ဦးဇော်မင်းနိုင်၊ မြို့နယ်စားသုံးသူ ရေးရာဦးစီးဌာန၊ မြို့နယ်တာဝန်ခံ ဦးဇော်နေလင်း၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ မြို့နယ်ဦးစီးမှူး ဦးမင်းစည်သူတို့ပူးပေါင်း၍  ရွှေဟင်္သာ၊ သဇင်၊ ပြည်ဟိန်းထွန်း စိုက်ပျိုးရေး ပစ္စည်းအရောင်းဆိုင်များမှ ယူရီးယားဓာတ်မြေသြဇာများအား ဒေသအလိုက် သတ်မှတ်ရည်ညွှန်းစျေးနှုန်းများဖြင့် ရောင်းချခြင်း ရှိ/မရှိ ကွင်းဆင်းစစ်ဆေးခဲ့ပြီး စားသုံးသူရေးရာဦးစီးဌာနမှ စိုက်ပျိုးရေးသုံးပစ္စည်းများကို စားသုံးသူကာကွယ်ရေး ဥပဒေပါကုန်စည်များပေါ်တွင် ကုန်အညွှန်းအမှတ်အသား ဖော်ပြချက်နှင့်စပ်လျဉ်း၍ သတ်မှတ်ချက်များနှင့်အညီ ရောင်းချနိုင်ရေး အသိပညာပေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်းသိရသည်။

ညွန့်နန္ဒာတင်