လွိုင်ကော် စက်တင်ဘာ ၂၆
၂၀၂၄ ခုနှစ်၊ လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်း သန်းခေါင်စာရင်းဆိုင်ရာ အသိပညာပေးဟောပြောခြင်းနှင့် လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းကို စက်တင်ဘာလ ၂၄ ရက် မွန်းလွဲပိုင်းက လွိုင်ကော်မြို့၊ သာသနာ့ဗိမာန်တော်ကြီးနှင့် ဥတ္တရာရုံပရိယတိစာသင်တိုက်တို့၌ ပြုလုပ်ခဲ့သည်။
ဦးစွာ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ ကယားပြည်နယ်ဦးစီးမှူးက သန်းခေါင်စာရင်းကောက်ယူသည့် ရည်ရွယ်ချက်၊ သန်းခေါင်စာရင်း ထည့်ကောက်ရမည့်သူများ၊ သန်းခေါင်စာရင်းထည့်မကောက်ရမည့်သူများ၊ မေးခွန်းများကို မှန်ကန်စွာဖြေဆိုခြင်းဖြင့် ကူညီပါ၊ သန်းခေါင်စာရင်းကောက်ယူခြင်း စသည်တို့ကို အသိပညာပေးဟောပြောခဲ့ပြီး ပြည်နယ်ဦးစီးမှူးနှင့် ဝန်ထမ်းများက လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းဆိုင်ရာ လက်ကမ်းစာစောင်များနှင့် ဝတ်စုံများ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
ကိုဇင်