ဖြူး စက်တင်ဘာ ၂၆
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ဖြူးမြို့နယ်၊ ၁၆ ကုတင်ဆံ့ တိုင်းရင်းဆေးရုံနှင့် မြို့နယ်တိုင်းရင်းဆေးကုဌာနတို့ပူးပေါင်း၍ မိုးကုတ်ဝိပဿနာဓမ္မရိပ်သာအဖွဲ့ခွဲအမှတ်(၁၂၇)ရှိ ယောဂီသူတော်စင်များနှင့် ဂေါပကအဖွဲ့ဝင်များအား တိုင်းရင်းဆေးဖြင့် ကျန်းမာရေးစောင့်ရှောက်ပေးခြင်းများကို ယနေ့နံနက်ပိုင်းက ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ထိုသို့ဆောင်ရွက်ရာတွင် ဖြူးမြို့နယ်၊ ၁၆ကုတင်ဆံ့တိုင်းရင်းဆေးရုံမှ ဒုတိယဆေးရုံအုပ် ဒေါ်စိုးလက်မီ၊ ဒုတိယတိုင်းရင်းဆေးမှုးများဖြစ်သော ဒေါ်တင်နွယ်ဝင်း၊ ဒေါ်ဇင်မင်းထွန်းနှင့် မြို့နယ်တိုင်းရင်းဆေးကုဌာနမှ မြို့နယ်တိုင်းရင်းဆေးမှူး ဒေါ်ဝင်းဝင်းအေးတို့သည် ယောဂီသူတော်စင်များနှင့် ဂေါပကအဖွဲ့ဝင် စုစုပေါင်း(၅၅)ဦးအား သွေးပေါင်ချိန်တိုင်းတာပေး၍ လိုအပ်သည့် ကျန်းမာရေးစောင့်ရှောက်မှုများကို ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
နေမျိုးလွင် (ပြန်/ဆက်)