ပခုက္ကူ စက်တင်ဘာ ၂၆
မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်အဆင့် ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ကော်မတီလုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယမန်နေ့ နံနက် (၁၀) နာရီခွဲအချိန်က ပခုက္ကူမြို့၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန မြဧရာ (၂) ခန်းမ၌ ကျင်းပပြုလုပ်သည်။
အစည်းအဝေးတွင် ပခုက္ကူခရိုင် ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ကော်မတီဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးနေမျိုးအောင်က အဖွင့်အမှာစကားပြောကြားပြီး ခရိုင်ကလေးသူငယ် အခွင့်အရေးများဆိုင်ရာကော်မတီ အတွင်းရေးမှူး၊ ခရိုင်လူမှုဝန်ထမ်းဦးစီးမှူး ဒေါ်သန္တာဦးက ကလေးသူငယ်၏ အဓိပ္ပါယ်နှင့် အသက်အရွယ် သတ်မှတ်ချက်များ၊ ကလေးသူငယ် အခွင့်အရေးများနှင့် ဥပဒေပြဋ္ဌာန်းချက်များ၊ ခရိုင်အတွင်း ကော်မတီလုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်နေမှုများ၊ ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်အတွင်း အသိပညာပေး (Talk Show) ဆွေးနွေးပွဲ၊ ဟောပြောပွဲနှင့် ကွင်းဆင်းဆောင်ရွက်နေမှုများ၊ ကလေးသူငယ် အခွင့်အရေးများဆိုင်ရာ တိုင်ကြားမှုအပေါ် လက်ခံဆောင်ရွက်ပေးနေမှုများ၊ ကလေးသူငယ် အခွင့်အရေးများဆိုင်ရာ ဥပဒေကျူးလွန်သူများအား အရေးယူထားရှိမှုများနှင့် ထောက်ပံ့ငွေများ ပေးအပ်နေမှု အခြေအနေတို့ကို ရှင်းလင်းတင်ပြသည်။
ထို့နောက် တက်ရောက်လာသည့် ကော်မတီဝင်ဌာနဆိုင်ရာတာဝန်ရှိသူများက ကလေးသူငယ် အခွင့်အရေးများနှင့်စပ်လျဉ်း၍ မိမိတို့ဌာနအလိုက် အကောင်အထည်ဖော် ဆောင်ရွက်နေမှုများကို အသီးသီးဆွေးနွေးခဲ့ကြကြောင်း သိရသည်။
ဘာမီသာ(ပခုက္ကူ)