သာယာဝတီ စက်တင်ဘာ ၂၆
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီမြို့နယ်တွင် ၂၀၂၄ ခုနှစ်၊ လူဦးရေနှင့်အိမ်အကြောင်း အရာသန်းခေါင်စာရင်းကောက်ယူရေး မြို့နယ်အဆင့်စာရင်းစစ် စာရင်းကောက်များကို အ.ထ.က(၁)သာယာဝတီကျောင်း၌ သင်တန်းဖွင့်လှစ်လျက်ရှိရာ သင်တန်းသားများအနေဖြင့် မြေပြင်လက်တွေ့ကောက်ယူခြင်းလုပ်ငန်းကို ယနေ့က အလယ်ကုန်းရပ်ကွက်၌ ဆောင်ရွက်ခဲ့သည်။
သာယာဝတီမြို့နယ်တွင် ရပ်ကွက် (၂၁) ရပ်ကွက်၊ ကျေးရွာအုပ်စု (၄၈) အုပ်စု၊ ကျေးရွာပေါင်း (၂၆၂) ရွာ၌ ကောက်ကွက်ပေါင်း (၄၀၁) ကွက်ရှိပြီး စာရင်းစစ်၊စာရင်းကောက် (၁၅၆) ဦးဖြင့် မြို့နယ်အဆင့်/ရပ်ကျေးအဆင့် ကြီးကြပ်မှုကော်မတီများဖွဲ့စည်းပြီး လုံခြုံရေး၊ အုပ်ချုပ်ထောက်ပံ့မှုကိစ္စရပ်များ ပြင်ဆင်ထားရှိ၍ ၂၀၂၄ ခုနှစ် လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူရေးလုပ်ငန်းများ အောင်မြင်အောင် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း မြို့နယ်သန်းခေါင်စာရင်းကော်မတီမှ သိရသည်။
ခရိုင် (ပြန်/ဆက်)