ဖြူး စက်တင်ဘာ ၂၆
၂၀၂၄ ခုနှစ်၊ အောက်တိုဘာလ(၁)ရက်နေ့တွင် ကျရောက်မည့် နှစ်(၆၀)ပြည့် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ဖြူးမြို့မရဲစခန်းမှကြီးမှုး၍ စားပွဲတင်တင်းနစ်ပြိုင်ပွဲကို ယမန်နေ့နံနက်(၉)နာရီအချိန်က စည်ပင်ခန်းမ၌ ကျင်းပခဲ့ကြောင်းသိရသည်။
စားပွဲတင်တင်းနစ်ပြိုင်ပွဲဖွင့်ပွဲတွင် ဖြူးမြို့မရဲစခန်းမှူး၊ ဒုတိယရဲမှူးအောင်လင်းက အဖွင့် အမှာစကားပြောကြားပြီး ပဲခူးတိုင်းဒေသကြီး ဆပ်ကော်မတီစားပွဲတင်တင်းနစ်ဥက္ကဋ္ဌ ဦးဇော် လှမြင့်က ပြိုင်ပွဲစည်းမျဉ်းစည်းကမ်းများကို ရှင်းလင်းပြောကြားသည်။ ဆက်လက်၍ စားပွဲတင် တင်းနစ်ပြိုင်ပွဲကိုကျင်းပရာ ပြိုင်ပွဲဝင်အသင်းများဖြစ်သည့် Pioneer (၃)သင်း၊ အိန့်ချွမ်း (၃)သင်း၊ ပဲခူးတိုင်းဒေသကြီး (၂)သင်း၊ တောင်ငူခရိုင် (၁)သင်း၊ ရွှေကျင်မြို့နယ် (၂)သင်း၊ ဒိုက်ဦးမြို့နယ် (၁)သင်း၊ ဆွာမြို့နယ် (၁)သင်း၊ စုစုပေါင်း (၁၃)သင်း ယှဉ်ပြိုင်ခဲ့ကြကြောင်းနှင့် ဆုချီးမြှင့်ပွဲကို ဆက်လက်ကျင်းပသွားမည် ဖြစ်ကြောင်း သိရသည်။
နေမျိုးလွင်(ပြန်/ဆက်)