ရွှေဘို စက်တင်ဘာ ၂၅
စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင် လူမှုဝန်ထမ်းဦးစီးဌာနမှ ကြီးမှူး၍ Gender CEDAW NSPAW နှင့် UNSCR 1325 အသိပညာပေးဆွေးနွေးပွဲကို ယမန်နေ့ ညနေပိုင်းက ရွှေဘိုသူနာပြုသင်တန်းကျောင်း သပြေညိုခန်းမတွင်ကျင်း ပပြုလုပ်ခဲ့ကြောင်းသိရသည်။
အခမ်းအနားတွင် ရွှေဘိုသူနာပြုသင်တန်းကျောင်း ကျောင်းအုပ်ဆရာမကြီး ဒေါ်ကေသွယ်မိုးက အဖွင့်အမှာစကားပြောကြားခဲ့ပြီး၊ ခရိုင်လူမှုဝန်ထမ်းဦးစီးဌာန လက်ထောက်ညွှန်ကြာရေးမှူးဒေါ်ကြွယ်ကြွယ်ဝင်းက Gende -အမျိုးသားနှင့် အမျိုးသမီးအကြားရှိ ကျားမရေးရာဆိုင်ရာ လူမှုရေးကဏ္ဍကွဲပြားမှုကိုလည်းကောင်း၊ CEDAW - အမျိုးသမီးများ အပေါ်ခွဲခြားဖိနှိပ်မှူများကို ရှုံ့ချရန်၊ ပပျောက်လုပ်ဆောင်ပေးရန်၊ NSPAW - အမျိုးသမီးများနှင့် သက်မွေးဝမ်းကျောင်းမှု၊ အမျိုးသမီးများနှင့်ပညာရေး လေ့ကျင့်ရေးသင်ကြားပေးရေး၊ အမျိုးသမီးများအပေါ် အကြမ်းဖက်မှုပပျောက်ရေး စသည့်ဖြင့် အချက်အလက်များအား ရှင်းလင်းဟောပြောရာ တက်ရောက်လာသူများက သိရှိလိုသည်များကို မေးမြန်းခဲ့ရာ ပြန်လည်ရှင်းလင်း ပြောကြားခဲ့ကြောင်း သိရသည်။
အခမ်းအနားသို့ ခရိုင်လူမှုဝန်ထမ်းဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူးနှင့်ဝန်ထမ်းများ၊ ဌာနဆိုင်ရာများ၊ သူနာပြုသင်တန်းကျောင်းကျောင်းအုပ်ဆရာမကြီးနှင့် သင်တန်းသား/ သူစုစုပေါင်း(၁၂၀)ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။
အေးမြင့်စန်း
ခရိုင်(ပြန်/ဆက်)