အုတ်တွင်း စက်တင်ဘာ ၂၅
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ အုတ်တွင်းမြို့နယ် မြို့ပေါ်ရပ်ကွက်အတွင်း ရေမြုပ်နေသော ရေတွင်း၊ ရေကန်နှင့် အဝီစိတွင်းများအတွင်းသို့ ကလိုရင်းဆေးခတ်ပေးခြင်းကို ယနေ့နံနက်ပိုင်းက ပြုလုပ်ပေးခဲ့သည်။
အဆိုပါဆောင်ရွက်ပေးရာတွင် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူးနှင့် ကျန်းမာရေးဝန်ထမ်းများက ရပ်ကွက်အတွင်းရှိ စစ်တောင်းမြစ်ရေမြင့်တက်မှုကြောင့် ရေများဝင်ရောက်ခဲ့သော ရေတွင်းများ ရေကန်များနှင့်အဝီစိတွင်းများအတွင်းသို့ ကလိုရင်းဆေးခတ်ပေးခြင်း ဆောင်ရွက်ပေးခဲ့ပါကြောင်း ကျန်ရှိသည့်ရပ်ကွက်/ ကျေးရွာများကိုလည်း ဆက်လက်၍ ကလိုရင်းဆေးများ လိုက်လံဆေးခတ်ပေးသွားမည်ဖြစ်ပါကြောင်း မြို့နယ်ကျန်းမာရေးဦးစီးဌာနမှ သိရသည်။
ခင်ခင်မာ(ပြန်/ဆက်)