ဆိပ်ဖြူ စက်တင်ဘာ ၂၅
မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ဆိပ်ဖြူမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ငွေသဲဖြူခန်းမ၌ ၂၀၂၄ ခုနှစ် လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်း စာရင်းစစ် စာရင်းကောက်သင်တန်း(ဆဋ္ဌမမြောက်နေ့) ဆက်လက်သင်ကြားပေးလျက်ရှိကြောင်း သိရသည်။
အဆိုပါသင်တန်းတွင် သင်တန်းသား၊ သင်တန်းသူ (၂၅)ဦး တက်ရောက်ကြပြီး သန်းခေါင်စာရင်းလုပ်ငန်းစဉ် စာရင်းစစ်၊ စာရင်းကောက်များ၏ အခန်းကဏ္ဍနှင့် တာဝန်များ၊ ဥပဒေပြဋ္ဌာန်းချက်များ အိမ်အကြောင်းအရာမေးခွန်းများ၊ လူဦးရေဆိုင်ရာမေးခွန်းများ၊ ဘာသာရပ်ဆိုင်ရာသင်ခန်းစာများနှင့် လက်တွေ့လေ့ကျင့်ခန်းများ၊ ဘာသာရပ်များကို ပြန်လည်ဆွေးနွေးခြင်း စသည့် ဘာသာရပ်များကို ပြည်သူလူထုအတွင်း လက်တွေ့ကွင်းဆင်းဆောင်ရွက်နိုင်ရန် သင်တန်းနည်းပြ (၃) ဦးတို့၏ လေ့ကျင့်သင်ကြားပေးနေမှုအား ယမန်နေ့နေ့လယ် ၂ နာရီက မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှ ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။
ညွန့်နန္ဒာတင်