ရေတာရှည် စက်တင်ဘာ၂၅
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ရေတာရှည်မြို့နယ်တွင် စစ်တောင်းမြစ်ရေမြင့်တက်လာပြီး ရေတိုက်စားမှုကြောင့် တံတားများ ပျက်စီးခဲ့ရာ ယခုအခါ ရေများပြန်လည်ကျဆင်းသွားပြီဖြစ်သောကြောင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ကြီးကြပ်မှုဖြင့် မြိုနယ်လမ်းဦးစီးဌာနမှ ဦးစီးအရာရှိနှင့် ဝန်ထမ်းများက ယမန်နေ့မှ စတင်ကာ ပျက်စီးသွားသည့် တံတားအားပြန်လည်ပြုပြင်ဆောင်ရွက်လျက်ရှိသည်။
အဆိုပါရေတာရှည်-ကရင်ချောင်း-ထုံဘိုကြီးကားလမ်းပိုင်း မိုင် (၂/၃-၆/၁)အလျား (၃) မိုင်ခန့်ရှိ ရေတိုက်စားမှုကြောင့် ပျက်စီးသွားသည့် တံတားအား မျောတိုင်များအသုံးပြု၍ လမ်းဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်သဲနုအေးဦးဆောင်ကာ မြို့အင်ဂျင်နီယာများ၊ လုပ်သားများက ပြန်လည်ပြုပြင်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
မြို့နယ် (ပြန်/ဆက်)