ဆိပ်ဖြူ စက်တင်ဘာ ၂၅
မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ဆိပ်ဖြူမြို့တွင် လူဦးရေနှင့်အိမ်အကြောင်းအရာသန်းခေါင်စာရင်းကောက်ယူနိုင်ရေးဆိုင်ရာ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက်(၁၀)နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အစည်းအဝေးတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစည်သူနေမျိုးက အမျိုးသားရေးတာဝန်တစ်ရပ်အနေဖြင့် သတ်မှတ်၍ ဆောင်ရွက်ရသော လုပ်ငန်းဖြစ်သောကြောင့် အောင်မြင်စွာ ဆောင်ရွက်နိုင်ရေးအတွက် စာရင်းစစ်၊ စာရင်းကောက်များနှင့် မြို့နယ်သန်းခေါင်းစာရင်းကော်မတီဝင်များနှင့် ပူးပေါင်း၍ အဆင်ပြေစွာလုပ်ဆောင်နိုင်ရေး၊ လိုအပ်သည်များ ပံ့ပိုးကူညီပေးနိုင်ရေး၊ ကြိုတင်စီမံဆောင်ရွက်ထားရှိနိုင်ရေး ဆွေးနွေးပြောကြားပြီး၊ တက်ရောက်လာကြသည့် မြို့နယ်သန်းခေါင်းစာရင်းကော်မတီဝင်များနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးတို့မှ မြို့ပေါ်(၄)ရပ်ကွက်တွင် အောက်တိုဘာလ(၁)ရက်နေ့မှ (၁၅)ရက်နေ့အတွင်း လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူနိုင်ရေးအတွက် လိုအပ်သည့် လုံခြုံရေး၊ ကျန်းမာရေး၊ စာရင်းကောက်ယူနိုင်ရေး အသီးသီးဆွေးနွေးခဲ့ကြကြောင်း သိရှိရသည်။
ညွန့်နန္ဒာတင်