ရေတာရှည်မြို့နယ်၌ ရေဘေးရှောင် ကျွဲ/နွားများအတွက် အစာနုအိတ်များပေးအပ်ခြင်းနှင့် ကာကွယ်ဆေးထိုးနှံခြင်းလုပ်ငန်းများဆောင်ရွက်

ရေတာရှည် စက်တင်ဘာ ၂၅

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန၊ ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ရေတာရှည်မြို့နယ်၌ ယမန်နေ့မွန်းလွဲပိုင်း(၃)နာရီအချိန်က မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ ရေဘေးရှောင်ကျွဲ/နွားများအတွက် အစာနုအိတ်များပေးအပ်ခြင်းနှင့် ကာကွယ်ဆေးထိုးနှံခြင်းကို ပိတောက်စမ်းကျေးရွာ၌ ပြုလုပ်ခဲ့သည်။

အဆိုပါ ရေတာရှည်မြို့နယ်ရှိ ဆင်ဂွေကျေးရွာ၊ ပိတောက်စမ်းကျေးရွာနှင့် ရွာသစ်ကျေးရွာများတွင် ရေဘေးရှောင် ကျွဲ(၁၀၀)ကောင်နှင့် နွား(၂၂၅)ကောင်အား အာဟာရဖြည့်ကျွေးအတွက် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနညွှန်ကြားရေးမှူးချုပ်ရုံးမှထောက်ပံ့ပေးအပ်ခဲ့သော 50 kg ပါ အစာနုအိတ်(၁၅)အိတ်အား မွေးမြူသူတောင်သူများထံပေးအပ်ခဲ့ရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဦးဥက္ကာသန်းမှ တက်ရောက်ချီးမြှင့်အားပေးခဲ့သည်။

ထို့နောက် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူးဒေါက်တာကြည်လင်နှင့်ဝန်ထမ်းများက ရေဘေးရှောင်ကျွဲ(၁၀၀)ကောင်နှင့် နွား(၂၂၅)ကောင်အား လည်ချောင်းကွဲရောဂါကာကွယ်ဆေး ဆက်လက်ထိုးနှံပေးခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)