ငရုတ်ကောင်း စက်တင်ဘာ ၂၅
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငရုတ်ကောင်းမြို့၊ ရေကျော်ကျေးရွာအုပ်စုတွင် ကော်ဖီသီးနှံပင်ပေးအပ်ပွဲနှင့်စိုက်ပျိုးပွဲကို ယနေ့နံနက်ပိုင်း ကငရုတ်ကောင်းမြို့၊ ရေကျော်ကျေးရွာအုပ်စု၊ ဆင်မှုံသစ်တောကြိုးဝိုင်း အကွက်အမှတ်(၁၉)ရှိ ဦးတင်အေး ပုဂ္ဂလိကသစ်မာစိုက်ခင်းတွင် ဒေသခံတောင်သူများအား ကော်ဖီသီးနှံပင်များပေးအပ်ပြီး ကော်ဖီသီးနှံပင်တစ်ထောင်ပင်အား စိုက်ပျိူးခဲ့ကြသည်။
အဆိုပါအခမ်းအနားသို့ မြို့အုပ်ချုပ်ရေးမှူး ဦးဝေယံဦးနှင့် ဝန်ထမ်းများ ရဲတပ်ဖွဲ့မှစခန်းမှူး ရဲအုပ်ထူးနိုင်၊ သစ်တောဦးစီးဌာနမှ တောအုပ်ထက်ဝေယံ၊ စိုက်ပျိုးရေးဦးစီးဌာနမှ ဦးစီးမှူးဦးကျော်စွာမင်းထွန်းနှင့် ဝန်ထမ်းများ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ လမ်းဦးစီးဌာနမှ ဝန်ထမ်းများ၊ ဒေသခံတောင်သူများ တက်ရောက်ကြပြီး စုပေါင်း၍ ကော်ဖီသီးနှံပင်များ စုပေါင်းစိုက်ပျိုးခဲ့ကြောင်း သိရသည်။
ငရုတ်ကောင်း(ပြန်/ဆက်)