နတ်မောက် စက်တင်ဘာ ၂၅
မကွေးတိုင်းဒေသကြီး နတ်မောက်မြို့၌ စားသုံးဆီထုတ်ပေးရောင်းချရာတွင် သတ်မှတ်ဈေးနှုန်းအတိုင်း ရောင်းချနိုင်ရေး ယမန်နေ့က မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့တို့ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
အဆိုပါ လိုက်လံစစ်ဆေးရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့တို့မှ အများပြည်သူများ နေ့စဉ်ချက်ပြုတ်စားသုံးရာတွင် အသုံးပြုလျက်ရှိသော စားသုံးဆီများ လုံခြုံစိတ်ချမှုရှိသော စားသုံးဆီဝယ်ယူနိုင်ရေး၊ ရောနှောစားသုံးဆီများ အာမခံချက်မရှိသော စားသုံးဆီအန္တရာယ်နှင့် ကျန်းမာရေးဆိုင်ရာဆိုးကျိုးများမှ ကာကွယ်နိုင်ရန်အတွက် ထုတ်ကုန်အညွှန်းအမှတ်သားများ ပြည့်စုံစွာဖော်ပြပါရှိသည့် စားသုံးဆီများကို သတ်မှတ်ထားသည့်ဈေးနှုန်းဖြင့် ဖြန့်ဖြူးရောင်းချပေးနိုင်ရေး ရွှေလမင်း၊ ရတနာထွန်းနှင့် ပတ္တမြားဆီအရောင်းဆိုင်များအား ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခဲ့ကြောင်း သိရသည်။
လှဝင်း