ဟားခါး စက်တင်ဘာ ၂၅
၂၀၂၄ ခုနှစ်၊ လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်း အောင်မြင်စွာ ကောက်ယူနိုင် ရေးလုပ်ငန်းညှိနှိုင်းအစည်းအဝေး အမှတ်စဉ် (၂/၂၀၂၄) ကို ယမန်နေ့ မွန်းလွဲ (၂) နာရီ က ဟားခါးမြို့ ၊ ချင်းပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ပြုလုပ်သည်။
လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် ချင်းပြည်နယ်သန်းခေါင်စာရင်း ကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ (ကိုယ်စား) ပြည်နယ်လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး သိန်းထွန်းအောင်က သန်းခေါင် စာရင်းကို နိုင်ငံတော်၏ လူမှုရေး၊ စီးပွားရေး၊ စီမံခန့်ခွဲရေးလုပ်ငန်းများတွင် ခိုင်လုံသော အခြေခံ စာရင်းကိန်းဂဏန်းများ ရရှိနိုင်ရန်၊ နောင်လာမည့်နှစ်များအတွက် စီမံကိန်းများ ရေးဆွဲရာတွင် ပိုမိုတိကျမှုရှိစေရန် ခိုင်လုံသော ခန့်မှန်းလူဦးရေများ တွက်ချက်ပေးနိုင်ရန်၊ နိုင်ငံတော်၏ လူဦးရေးမူဝါဒ ရေးဆွဲရေးတွင် အထောက်အကူပြုနိုင်စေရန် စသည့် ရည်ရွယ်ချက်များဖြင့် ကောက်ယူခြင်းဖြစ် ကြောင်း၊ ၂၀၂၄ ခုနှစ်၊ လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်း အောင်မြင်စွာ ကောက်ယူ နိုင်ရေးအတွက် သန်းခေါင်စာရင်းကော်မတီကို ဖွဲ့စည်းထားပြီး လုပ်ငန်းတာဝန်များကိုလည်း သတ်မှတ်ခဲ့ပြီးဖြစ်သကဲ့သို့ ကြီးကြပ်မှုကော်မတီလည်း ဖွဲ့စည်းထားပြီးဖြစ်ပါကြောင်း၊ သို့ဖြစ်၍ လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်း အောင်မြင်စွာ ကောက်ယူနိုင်ရေးအတွက် အစည်းအဝေး တက်ရောက်လာကြသူများက ပွင့်ပွင့်လင်းလင်း အကြံပြုဆွေးနွေးတင်ပြကြစေလိုကြောင်းဖြင့် အမှာစကားပြောကြားသည်။
ထို့နောက် ချင်းပြည်နယ် သန်းခေါင်စာရင်းကော်မတီ အစည်းအဝေးအမှတ်စဉ် (၂/၂၀၂၄) အစည်းအဝေးအမှတ်စဉ် (၂/၂၀၂၄)အစည်းအဝေး ဆုံးဖြတ်ချက်များကို အခမ်းအနားမှူးက ဖတ်ကြားပြီး ချင်းပြည်နယ်သန်းခေါင်စာရင်းကော်မတီဥက္ကဋ္ဌ၊ ပြည်နယ်အုပ်ချုပ်ရေးမှူး ဦးအောင်ချိုနှင့် ချင်းပြည်နယ် သန်းခေါင်စာရင်းကြီးကြပ်မှုကော်မတီ အတွင်းရေးမှူး၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့ အင်အားဝန်ကြီးဌာန ပြည်နယ်ဦးစီးမှူးက သန်းခေါင်စာရင်း သိကောင်းစရာများ၊ ကမ္ဘာ့သန်းခေါင် စာရင်းသမိုင်း၊ မြန်မာ့သန်းခေါင်စာရင်းသမိုင်း၊ သန်းခေါင်းစာရင်းအသုံးဝင်ပုံ၊ ၂၀၂၄ ခုနှစ်၊ လူဦးရေနှင့် အိမ်အကြောင်းအရာသန်းခေါင် စာရင်းအောင်မြင်စွာ ကောက်ယူနိုင်ရေးအတွက် ဆောင်ရွက်မည့် လုပ်ငန်းစဉ်များ၊ သန်းခေါင်စာရင်းကောက်ယူရာတွင် မေးမြန်းရမည့် အကြောင်းအရာများကို Power Point ဖြင့် ရှင်းလင်းတင်ပြကြသည်။
ယင်းနောက် အစည်းအဝေးတက်ရောက်လာကြသည့် ဟားခါးမြို့နယ်အုပ်ချုပ်ရေးမှူး ဦးဇော် မျိုးအောင်၊ ဟားခါးခရိုင်အုပ်ချုပ်ရေးမှူး ဦးကျော်စိုးလွင် ၊ ပြည်နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးကြီး စိုးလွင်မိုးနှင့် ပြည်နယ်ဖွံ့ဖြိုးမှုကြီးကြပ်ရေးဦးစီးဌာန၊ ပြည်နယ်ဗဟိုစာရင်းအင်းဦးစီးဌာန၊ ပြည်နယ်မြေစာရင်း ဦးစီးဌာန၊ ပြည်နယ်ပညာရေးမှူးရုံးနှင့် ပြည်နယ်ကျန်းမာရေးဦးစီးဌာနများမှ ပြည်နယ်ဦးစီးမှူးများက လူဦးရေနှင့်အိမ်အကြောင်းအရာသန်းခေါင်စာရင်း အောင်မြင်စွာ ကောက်ယူနိုင်ရေးအတွက် ဆောင်ရွက်ထားရှိမှုအခြေအနေများကို ရှင်းလင်းတင်ပြကြသည်။
ဆွေးနွေးတင်ပြချက်များအပေါ် ပြည်နယ်သယံဇာတရေးရာဝန်ကြီး ဦးကျော်ငြိမ်း၊ ပြည်နယ် တိုင်းရင်းသားရေးရာဝန်ကြီး ဦးစိန်ထွန်းလှ၊ ပြည်နယ်ဥပဒေချုပ် ဦးဆွန်းဒုတ်ကျင့်နှင့် ချင်းပြည်နယ် သန်းခေါင်စာရင်းကော်မတီဥက္ကဋ္ဌ၊ ပြည်နယ်အုပ်ချုပ်ရေးမှူးတို့က အကြံပြု ဖြည့်စွက်ဆွေးနွေး တင်ပြကြပြီး ချင်းပြည်နယ်သန်းခေါင်စာရင်း ကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ (ကိုယ်စား) ပြည်နယ် လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး သိန်းထွန်းအောင်က လိုအပ်ချက်များ ပေါင်းစပ်ညှိနှိုင်း ပေးကာ နိဂုံးချုပ်အမှာစကား ပြောကြားခဲ့ကြောင်း သိရသည်။
အမ်းအင်းလမ်း(ပြန်/ဆက်)