ရေတာရှည် စက်တင်ဘာ ၂၅
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ရေတာရှည်မြို့နယ်၌ စက်တင်ဘာလ(၁၁)ရက်မှ (၁၉) ရက်အတွင်း မိုးသည်းထန်စွာ ရွာသွန်းခဲ့ခြင်းကြောင့် မြို့နယ်အတွင်းရှိ ကျေးရွာတစ်ချို့တွင် ရေကြီးနှစ်မြုပ်မှုများ ဖြစ်ပေါ်ခဲ့ကာ ရေဘေးသင့်စခန်းများသို့ မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူအင်အားဝန်ကြီးဌာနမှ မြို့နယ်မှူး ဦးမင်းညီညီထွန်းနှင့် ဝန်ထမ်းများက ကွင်းဆင်း၍ အိမ်ထောင်စုစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြား ဆောင်ရွက်ပေးခြင်းကို စက်တင်ဘာလ ၂၃ ရက်နေ့က ရေဘေးသင့်စခန်းများတွင် ဆောင်ရွက်ခဲ့ကြသည်။
ရေတာရှည်မြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူအင်အားဝန်ကြီးဌာန၊ မြို့နယ်ဦးစီးမှူးရုံးအနေဖြင့် လူမှုဘဝပြည့်စုံစေရန်နှင့် ပြည်သူများအား အခက်အခဲမရှိစေရန်အတွက် ရေဘေးကြောင့် ဆုံးရှုံးသွားသည့် အိမ်ထောင်စုနှင့် နိုင်ငံသားစိစစ်ကတ်ပြားများကို ကွင်းဆင်း၍ ဆောင်ရွက်ပေးခြင်းဖြစ်ပြီး ထိုသို့ရေဘေးသင့်ပြည်သူများသို့ မြိုနယ်မှူး ဦးမင်းညီညီထွန်းနှင့် ဝန်ထမ်းများက ကွင်းဆင်း၍ ဆောင်ရွက်ရာတွင် ပြည်သူများ၏ အိမ်ထောင်စု စာရင်း(၂၅၀)ခု၊ နိုင်ငံသားကတ် (၃၂၃) ကတ်တို့အား ဆောင်ရွက်ပေးခဲ့ကြပြီး ကျန်ရှိနေသည်များလည်း ဆက်လက်ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်းမြို့ နယ်ဦးစီးမှူးရုံးမှ သိရှိရသည်။
မြို့နယ် (ပြန်/ဆက်)