ကျွန်းလှမြို့နယ် အင်းကောင်းကျေးရွာ၌ ကွန်ကရစ်တံတားများတည်ဆောက်

ကျွန်းလှ စက်တင်ဘာ ၂၅

စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ်၊ ခွင့်ပြုရန်ပုံငွေဖြင့် အင်းကောင်းကျေးရွာ၌ ကွန်ကရစ်တံတားနှစ်စင်း တည်ဆောက်လျက်ရှိကြောင်း သိရသည်။

 “ကျွန်းလှမြို့နယ်၊ အင်းကောင်းကျေးရွာမှာ အလျား ၂၄ ပေ၊ အနံ ၅ ပေ၊ အမြင့် ၄ ပေရှိ ကွန်ကရစ်တံတားနှစ်စင်းကို ၂၀၂၄ -၂၀၂၅ ဘဏ္ဍာနှစ်၊ ခွင့်ပြုရန်ပုံငွေကျပ် ၁၂ ဒသမ ၃ သန်းဖြင့် ဆောင်ရွက်လျက်ရှိပါတယ်။ အခုအခါ တံတားများတည်ဆောက်မှုမှာ ၉၀ ရာခိုင်နှုန်းခန့် ပြီးစီးနေပြီဖြစ်ပါတယ်”ဟု မြို့နယ်‌ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန၊ တာဝန်ရှိသူတစ်ဦးက ပြောပြသည်။

အဆိုပါ တံတားများတည်ဆောက်ပြီးစီပါက ကျေးရွာအတွင်း ရေစီးရေလာကောင်းမွန်ပြီး၊ ရဟန်းရှင်လူပြည်သူများ၊ ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများ သွားလာရေး အဆင်ပြေမည်ဖြစ်ကြောင်း သိရသည်။

မျိုးဝင်းညို