မင်းတုန်း စက်တင်ဘာ ၂၅
မကွေးတိုင်းဒေသကြီး၊ မင်းတုန်းမြို့ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် စက်တင်ဘာလ ၁၇ ရက်နေ့မှစ၍ ၂၀၂၄ ခုနှစ် လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခါင်စာရင်းကောက်ယူရေး စာရင်းစစ်၊ စာရင်းကောက်သင်တန်းဖွင့်လှစ်၍ နည်းပြများမှ သင်တန်းပို့ချလျက်ရှိရာ ပညာရေးဌာနမှ ဆရာ/ဆရာမ(၃၁)ဦး တက်ရောက်လျက်ရှိပြီး သင်တန်းကာလမှာ (၂၈)ရက်နေ့ထိ ဖြစ်သည်။
မင်းတုန်းမြို့နယ်တွင် ၂၀၂၄ ခုနှစ် လူဦးရေနှင့် အိမ်အကြောင်းအရာသန်းခါင်စာရင်းကောက်ယူခြင်းကို စက်တင်ဘာလ ၃၀ ရက်နေ့ ညသန်းခေါင်ယံအချိန်ကို သန်းခေါင်စာရင်း ရည်ညွှန်းချိန်အဖြစ်သတ်မှတ်ပြီး ကျေးရွာအုပ်စု(၂၂)အုပ်စုနှင့် မြို့ပေါ်ရပ်ကွက်(၄)ခုတွင် ကောက်ကွက်(၆၇)ကွက် သတ်မှတ်ပြီး အောက်တိုဘာလ ၁ ရက်နေ့မှ ၁၅ ရက်နေ့အထိ ကောက်ယူသွားမည်ဖြစ်သည်။
အဆိုပါ သန်းခေါင်စာရင်းကောက်ယူခြင်းမှ ပြည်သူတစ်ဦးချင်းဖြေကြားသော ကိုယ်ရေးကိုယ်တာ၊ မိသားစုများ၏အချက်အလက်များနှင့် ပိုင်ဆိုင်မှုနှင့်ဆိုင်သောကိစ္စရပ်များကို သန်းခေါင်စာရင်းဆိုင်ရာကိစ္စမှတစ်ပါး အခြားမည်သည့်ကိစ္စအတွက်မှ အသုံးပြုခြင်း သို့မဟုတ် စစ်ဆေးခြင်းမပြုရန် ၂၀၁၃ ခုနှစ် လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်း ဉပဒေအရ အကာအကွယ်ပေးထားကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)