ရေတာရှည် စက်တင်ဘာ ၂၅
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူမြို့နယ်၌ စစ်တောင်းမြစ်ရေများလျှံတက်၍ လူနေအိမ်များအတွင်းရေဝင်ရောက်မှုကြောင့် ရေဘေးကယ်ဆယ်ရေးစခန်းများကို ဘုန်းတော်ကြီးကျောင်းအသီးသီးတွင် ဖွင့်လှစ်ထားရှိခဲ့ရာ ယခုအခါ မြစ်ရေပြန်လည်ကျဆင်းသွားပြီဖြစ်သည့်အတွက် ဘုန်းကြီးကျောင်းနှင့်ကျေးရွာများအတွင်းသန့်ရှင်းရေးဆောင်ရွက်ခြင်းကို ယနေ့နံနက်(၉)နာရီအချိန်က စတင်ပြုလုပ်ခဲ့ကြသည်။
အဆိုပါ သန့်ရှင်းရေးဆောင်ရွက်ခြင်းကို ရေဘေးကယ်ဆယ်ရေးစခန်းဖွင့်လှစ်ထားရှိခဲ့သော ရွှေဂူပုဂံတောင်ကျောင်းတွင် မြို့နယ်မီးသတ်စခန်းမှ တပ်ဖွဲ့ဝင်များဖြင့် သန့်ရှင်းရေးဆောင်ရွက်ခဲ့ပြီး ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှလည်း ဆင်ဂွေကျေးရွာတွင် ရေတွင်းရေကန်များကို တွင်းဆေးတွင်းမှုတ်ခြင်းနှင့် ကလိုရင်းဆေးခတ်နေမှုများပြုလုပ်ခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)