သရက် စက်တင်ဘာ ၂၅
မကွေးတိုင်းဒေသကြီး၊ သရက်မြို့၌ ၂၀၂၄ ခုနှစ် လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူရေး လူထုအသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းကို ယမန်နေ့နံနက်ပိုင်းက လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ မြို့နယ်ဦးစီးမှူးရုံးမှ ဝန်ထမ်းများက သရက်မြို့ပေါ်ရပ်ကွက်များတွင် ပြည်သူများထံ ဖြန့်ဝေခဲ့သည်။
အဆိုပါ လူထုအသိပညာပေး လက်ကမ်းစာစောင်တွင် သန်းခေါင်စာရင်းကောက်ယူရေးသိကောင်းစရာများ၊ သန်းခေါင်စာရင်းတွင် ထည့်ကောက်ရမည့်သူများ၊ ၂၀၂၄ ခုနှစ်၊ အောက်တိုဘာ ၁ ရက်နေ့မှ ၁၅ ရက်နေ့ထိ သန်းခေါင်စာရင်းကောက်ယူမည်ဖြစ်၍ ပြည်သူများက စာရင်းကောက်မေးမြန်းမည့် မေးခွန်းများကို မှန်ကန်ပြည့်စုံစွာ ဖြေဆိုနိုင်ရန်နှင့် သန်းခေါင်စာရင်းကောက်ယူခြင်းနှင့်ပတ်သက်၍ ပြည်သူအများ သိရှိထားရမည့်အချက်များပါဝင်ကြောင်း သိရသည်။
ဇော်ဝမ်းထွန်း(အောင်လံ)