ကနီ နိုဝင်ဘာ ၂၃
စစ်ကိုင်းတိုင်း ဒေသကြီး၊ ယင်းမာပင်ခရိုင်၊ ကနီမြို့နယ် စည်ပင်သာယာနယ်နိမိတ်အတွင်း ဖွင့်လှစ်ရောင်း ချလျက်ရှိသော စား သောက်ဆိုင်နှင့် လက်ဖက်ရည်ဆိုင်များထဲမှ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်တားဆီးရေးဆိုင်ရာ သတ်မှတ်ချက်များနှင့်အညီ ရောင်းချခြင်း ရှိ/မရှိကို ယမန်နေ့က စတင်ကွင်းဆင်း စစ်ဆေးခဲ့ကြပြီး သတ်မှတ်ချက်များနှင့်အညီ ရောင်းချနေသော စားသောက်ဆိုင်နှင့် လက်ဖက်ရည်ဆိုင်များကို Take away (ပါဆယ်) စနစ် ရောင်းချခြင်းမှ ဆိုင်ထိုင်ရောင်းချခွင့် ပြုသွားမည်ဖြစ်ကြောင်း သိရသည်။
ယင်းသို့စစ်ဆေးရာ၌ စားသောက်ဆိုင်နှင့် လက်ဖက်ရည်ဆိုင်များ၏ ဆိုင်ပိုင်ရှင်နှင့် ဆိုင်တာ ဝန်ခံများကို တွေ့ဆုံပြီး ဆိုင်တာဝန်ခံ များနှင့် ဝန်ထမ်းများလိုက်နာ ဆောင်ရွက်ရမည့် အချက် များ၊ စားသောက်ဆိုင်အတွင်း ခင်းကျင်းပြင်ဆင်ဆောင်ရွက်ထားရှိမှုများနှင့် ဆိုင်ထိုင်ရောင်းရာ၌ အထူးအလေးထားပြီး ဆောင်ရွက်ရန် လိုက်နာရမည့် ကျန်းမာရေးဆိုင်ရာအချက်များကို ရှင်းလင်းဆွေးနွေးမှာ ကြားပြီး သိရှိလိုက်နာဆောင်ရွက်သွားမည်ဖြစ်ကြောင်း လက်မှတ်ရေးထိုး စေခြင်းများ ဆောင်ရွက်သည်။
ထိုသို့စစ်ဆေးရာတွင် မြို့နယ်စည်ပင်သာယာရေးအဖဲွ့ အမှုဆောင်အရာရှိ ဒေါ်အင်ကြင်ခိုင်နှင့် ဝန်ထမ်းများ၊ အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနနှင့် ကျန်းမာရေးဦးစီးဌာနတို့မှ တာဝန်ရှိသူများ လိုက်ပါဆောင်ရွက်ခဲ့ကြသည်။
ကနီမြို့နယ် စည်ပင်သာယာရေးနယ်နမိတ်အတွင်းရှိ ဖွင့်လှစ်ရောင်းချနေသော စားသောက် ဆိုင်နှင့် လက်ဖက်ရည်ဆိုင်များကို စက်တင်ဘာလ(၂၅)ရက်နေ့မှစ၍ ဆိုင်ထိုင်ရောင်းချ ခွင့်မပြု တော့ဘဲ (ပါဆယ်) စနစ်ဖြင့်သာ ရောင်းချစေခဲ့ရာမှ ယခုအခါ ဆိုင်ထိုင်ရောင်းချခွင့် ပြုနိုင်ရေး အတွက် ယခုလိုကွင်းဆင်းစစ်ဆေးခြင်း ဖြစ်သည်။
ကနီမြို့ရှိ ဈေးဆိုင်များအား လိုက်လံကွင်းဆင်းစစ်ဆေးချက်များကို စာရင်းပြုစုကာ စစ်ကိုင်း တိုင်းဒေသကြီး စည်ပင်သာယာရေး ဝန်ကြီးဌာနသို့တင်ပြပြီး ခွင့်ပြုချက်ရရှိပါက ဆိုင်များတွင် ဆိုင်ထိုင်စနစ် ပြန်လည်ရောင်းချခွင့် ပြုသွားမည်ဖြစ်ကြောင်းကိုလည်း မြို့နယ် စည်ပင်သာယာ ရေးအဖွဲ့ တာဝန်ရှိသူတစ်ဦးထံမှ သိရှိရပါသည်။
ခင်ဝင်းကြည် (ပြန်/ဆက်)