လက်ပံတန်းမြို့နယ်တွင် ရေဘေးနှင့်သဘာဝဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး ဇာတ်တိုက်လေ့ကျင့်

လက်ပံတန်း စက်တင်ဘာ ၂၄

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ လက်ပံတန်းမြို့နယ် မီးသတ်ဦးစီးဌာနမှ ရေဘေးအန္တရာယ်နှင့် သဘာဝဘေးအန္တရာယ်များ ဖြစ်ပေါ်လာပါက ကူညီရှာဖွေကယ်ဆယ်နိုင်ရန် ကြိုတင်ကာကွယ်ရေး ဇာတ်တိုက်လေ့ကျင့် သရုပ်ပြခြင်းကို ယမန်နေ့ ညနေ ၄ နာရီက မြို့နယ်မီးသတ်ဦးစီးဌာနတွင် ပြုလုပ်ခဲ့သည်။

ရေဘေးနှင့်သဘာဝဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး ဇာတ်တိုက်လေ့ကျင့်သရုပ်ပြရာတွင် မြို့နယ်မီးသတ်ဦးစီးဌာန ဦးစီးမှူးဦးလင်းကျော်ခေါင်းဆောင်သော မီးသတ်တပ်ဖွဲ့ဝင်များ၊ ​မြို့နယ်ရဲတပ်ဖွဲ့ဝင်များ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ ပရဟိတအဖွဲ့ဝင်များ၊ ရပ်‌ကွက်ကျေးရွာအုပ်ချုပ်ရေးမှူးနှင့် ရှာဖွေကယ်ဆယ်ရေးအဖွဲ့ဝင်များပူးပေါင်း၍ အရေးပေါ်ရှာဖွေကယ်ဆယ်ရေးအထောက်အကူပြုပစ္စည်းများဖြင့် သဘာဝဘေးအန္တရာယ်များ ကြုံတွေ့ရသည့် လူများအားရှာဖွေကယ်ဆယ်ခြင်း၊ အသက်ကယ်အင်္ကျီ ဝတ်ဆင်ပုံနည်းများ၊ ဒဏ်ရာရလူနာအား ရှေးဦးသူနာပြုစုနည်းများ၊ ရေကြီးလာပါက နီးစပ်ရာအရေးပေါ်စခန်းများသို့ ရွှေ့ပြောင်းရန် ဇာတ်တိုက်လေ့ကျင့် သရုပ်ပြခဲ့ကြသည်။

အဆိုပါရေဘေးနှင့်သဘာဝဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး ဇာတ်တိုက်လေ့ကျင့် သရုပ်ပြခြင်းကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဦး​နေမင်းအောင်နှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာအကြီးအကဲများနှင့် ပရဟိတအဖွဲ့များမှ ကြည့်ရှုအားပေးခဲ့ပြီး မြို့နယ်မီးသတ်တပ်ဖွဲ့မှ သဘာဝဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးအသိပေးနှိုးဆော်ခြင်းများအား အသံချဲ့စက်ဖြင့် ကျေးလက်မြို့ရွာအနှံ့ အသိပေးနှိုးဆော်လျက်ရှိကြောင်း သိရသည်။

မြို့နယ် (ပြန်/ဆက်)