တောင်တွင်းကြီး စက်တင်ဘာ ၂၄
မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ တောင်တွင်းကြီးမြို့နယ်တွင် ၂၀၂၄ ခုနှစ် လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်း စာရင်းစစ်၊ စာရင်းကောက်သင်တန်း(ဆဋ္ဌမမြောက်နေ့)အဖြစ် အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း ဗိဿနိုးဆောင်ခန်းမတွင် ဆက်လက်သင်ကြားပေးလျက်ရှိကြောင်း သိရသည်။
အဆိုပါသင်တန်းတွင် တောင်တွင်းကြီးမြို့နယ်အတွင်းရှိ သက်ဆိုင်ရာကောက်ကွက်များမှ သင်တန်းသား၊ သင်တန်းသူ (၁၂၇)ဦး တက်ရောက်ကြပြီး သန်းခေါင်စာရင်းအကြောင်း သိကောင်းစရာများနှင့် ကောက်ယူမည့်အစီအမံများ၊ သန်းခေါင်စာရင်းလုပ်ငန်းစဉ် စာရင်းစစ်၊ စာရင်းကောက်များ၏ အခန်းကဏ္ဍနှင့် တာဝန်များ၊ ဥပဒေပြဋ္ဌာန်းချက်များ၊ အိမ်အကြောင်းအရာမေးခွန်းများ၊ လူဦးရေဆိုင်ရာမေးခွန်းများ၊ ဘာသာရပ်ဆိုင်ရာသင်ခန်းစာများနှင့် လက်တွေ့လေ့ကျင့်ခန်းများ၊ ဘာသာရပ်များကို ပြန်လည်ဆွေးနွေးခြင်း စသည့် ဘာသာရပ်များကို ပြည်သူလူထုအတွင်း လက်တွေ့ကွင်းဆင်းဆောင်ရွက်နိုင်ရန် လေ့ကျင့်သင်ကြားပေးလျက်ရှိပြီး လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ကွက်များတွင် စာရင်းကောက်အဖွဲ့များမှ အောက်တိုဘာ (၁)ရက်နေ့မှ အောက်တိုဘာ (၁၅)ရက်နေ့အထိ စာရင်းကောက် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
နောင်နောင် (ဗိဿနိုးမြေ)