ပုလောမြို့နယ်၌ သဘာဝဘေးအန္တရာယ်ကျရောက်ပါက ထိရောက်စွာတုံ့ပြန်ဆောင်ရွက်နိုင်ရေးမီးသတ်ဦးစီးဌာနမှ ရေယာဉ်ကယ်ဆယ်ရေးလုပ်ငန်းများ ကြိုတင်ပြင်ဆင်ဇာတ်တိုက်လေ့ကျင့်

ပုလော စက်တင်ဘာ  ၂၃

တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊  ပုလောမြို့နယ်၌ သဘာဝဘေးအန္တရာယ်များကြုံတွေ့လာရပါက ရေယာဉ်ကယ်ဆယ်ရေးလုပ်ငန်းများကို ထိရောက်ဆုံးနှင့် လွယ်ကူဆုံးတုံ့ပြန် ဆောင်ရွက်နိုင်ရန်ရည်ရွယ်၍ မြို့နယ်မီးသတ်ဦးစီးဌာနမှ ဦးစီးအရာရှိ ဦးကျော်ဇင်ထိုက် ဦးဆောင်၍ တပ်ဖွဲ့ဝင်များက စက်တင်ဘာလ ၂၂ က်နေ့ နေ့လယ် နာရီက ရှာဖွေကယ်ဆယ်ရေးတပ်ဖွဲ့နှင့် ရှာဖွေကယ်ဆယ်ရေးပစ္စည်းများအား ရေယာဉ်ကယ်ဆယ်ရေးလုပ်ငန်းများ ကြိုတင်ပြင်ဆင် ဇာတ်တိုက်လေ့ကျင့်ခဲ့ကြသည်။

ထို့သို့ ကြိုတင်ပြင်ဆင်ဇာတ်တိုက် လေ့ကျင့်ရာတွင် ပုလောမြို့နယ်၊ မီးသတ်ဦးစီးဌာနမှ ဦးစီးအရာရှိ ဦးကျော်ဇင်ထိုက်က ဦးဆောင်၍ တပ်ဖွဲ့ဝင်များအား တပ်ဖွဲ့စုအလိုက် ကြိုတင်ပြင်ဆင်ထားရှိခြင်း၊ သဘာဝဘေးအန္တရာယ်များကြုံတွေ့လာရပါက ထိရောက်ဆုံးနှင့် လွယ်ကူဆုံး တုံ့ပြန်ဆောင်ရွက်နိုင်ရေးအတွက် ရှာဖွေကယ်ဆယ်ရေးပစ္စည်းများကို စနစ်တကျစုဖွဲ့၍ ပြင်ဆင်ထားရှိကြောင်း သိရသည်။

အေးအေးမော်(ပုလော)