ပုလော စက်တင်ဘာ ၂၄
တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ ပုလောမြို့နယ်၌ သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဟောပြောပွဲကို ယမန်နေ့နံနက် ၉ နာရီခွဲအချိန်က ပုလောမြို့၊ အမှတ်(၅) အခြေခံပညာမူလတန်းကျောင်းတွင် ကျင်းပပြုလုပ်ခဲ့သည်။
အသိပညာပေး ဟောပြောပွဲတွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဒေါ်အေမီလှိုင်က သဘာဝဘေးအန္တရာယ်ကြောင့် ဘက်ပေါင်းစုံရှုတောင့်မျိုးစုံမှ ထိခိုက်ဆုံးရှုံးမှုဖြစ်နိုင်သောကြောင့် မဖြစ်ပွားမီကြိုတင်ပြင်ဆင်ရန်နှင့် ဖြစ်ပွားနေစဉ်နှင့် ဖြစ်ပွားပြီးချိန်တွင် လိုက်နာရမည့်အချက်များကို သိရှိထားရန်လိုအပ်ကြောင်းကို ဟောပြောခဲ့ သည်။
ဆက်လက်၍ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ မြို့နယ်တာဝန်ခံ ဒေါ်မြစောနွယ်က သဘာဝဘေးအန္တရာယ်တစ်ခုဖြစ်တဲ့ ရေဘေးအန္တရာယ် မဖြစ်ပွားမီကြိုင်တင်ပြင်ဆင်မှု၊ ရေကြီးခြင်း သတိပေးချက်ရလျှင် ဆောင်ရွက်ထားရှိရန်၊ ရေကြီးခြင်းဖြစ်ပေါ်ချိန် လိုက်နာဆောင်ရွက် ရန်နှင့် ရှောင်ရန်၊ ရေကြီးပြီးနောက်ပြုလုပ်ရမည့်အချက်များ၊ သဘာဝဘေး၊ ရေဘေးဖြစ်ပေါ်က ဆက်သွယ်ရမည့် နေရာ၊အဖွဲ့အစည်းနှင့် ဖုန်းနံပါတ်၊ သဘာဝဘေး ရေဘေးဖြစ်ပေါ်ပြီးပါက ပြန်လည်ထူထောင်ရေးအကြောင်းအရာများကို ဟောပြောခဲ့ပြီး သဘာဝဘေးန္တရာယ်ဆိုင်ရာ အသိပညာပေး နံရံကပ်စာစောင်များကို ပြသဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အေးအေးမော်(ပြန်/ဆက်)